မဟူရာ ခုရက်ပိုင်း အရင်လိုမဟုတ်တာ ရှိုင်းသတိထားမိတယ် သူ့ကိုစကားလည်းကောင်းကောင်းမပြောဖူး တစ်ခုခုကို စိတ်ဆိုးနေတာလား စိတ်ဆိုးရအောင်လည်း သူဘာမှလုပ်ထားတာမရှိတာ
ရှိုင်း : မဟူရာ ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ
မဟူရာ : မဖြစ်ပါဖူး
ရှိုင်း : တစ်ခုခုဖြစ်နေပါတယ် ခုရက်ပိုင်း စကားလည်းကောင်းကောင်းမပြောဖူး မဟူရာ အကို့ကို တစ်ခုခုစိတ်ဆိုးစရာရှိလို့လား
မဟူရာ : မရှိပါဖူး
ရှိုင်း : သေချာပါပြီ ရှိနေပါတယ် ကဲ ပြောပါ အကို ဘာလုပ်မိလို့လဲ အခုလိုကြီး မခေါ်မပြောကြီးတော့မနေပါနဲ့ မဟူရာ မကြိုက်တာရှိ အကို့ကိုပြောလေ
မဟူရာ : ......
ရှိုင်း : နော် လို့ နော် မဟူရာက အကိုဘာလုပ်မိလဲပြောပြမှ နောက်မလုပ်မိအောင်နေလို့ရမှာလေ နော် နော်
မဟူရာ : အကိုနဲ့ မကြည်ဖြူနဲ့ အရမ်ရင်းနှီးတာပဲနော် ဟိုနေ့ကလည်း နှစ်ယောက်သား စကားတပြောပြောနဲ့ ရယ်မောပြုံးပျော်နေလိုက်ကြတာ
ရှိုင်း : အော် စိတ်ဆိုးတာ ဒါလား အကိုတို့က ဒီတိုင်း ခင်မင်တာပါ အဲ့နေ့ကလည်း အကိုက ဟာသပြောလို့ သူက ရယ်တာပါ
မဟူရာ : ဒါမဲ့ မကြိုက်ဖူးဗျာ နောက်မပြောနဲ့
ရှိုင်း : အွန်းပါ နောက်ဆင်ခြင်ပါ့မယ် စိတ်မဆိုးနဲ့တော့နော်
မဟူရာ : ပြီးတော့ အကိုသူများတွေရှေ့ အရမ်းမပြုံးပါနဲ့လား
ရှိုင်း : ဘာလို့လဲ မဟူရာရဲ့
မဟူရာ : အကို့အပြုံးလေးတွေကို သူများတွေမြင်တာ ကျွန်တော်မကြိုက်ဖူး ကျွန်တော် တစ်ယောက်တည်းပဲ မြင်ချင်တာ
ရှိုင်း : ဗျာ
မဟူရာအပြောကြောင့် ရှိုင်းတစ်ယောက် ရှက်သွေးဖြာပြီး မျက်နှာကို အောက်ကိာ အတင်းငုံ့ထားကာ နားရွက်ထိပ်ဖျားလေးတွေကလည်း ရဲတက်လာတယ်
မဟူရာ : ဟော အကို့နားရွက်လေးတွေ ရဲလာပြီ အကိုရှက်နေတာလား
YOU ARE READING
မင်းအနားမှာ....
Фанфикшнအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
