အချိန် သုံးနှစ်ကျော်ကြာသွားပြီးတဲ့နောက်မှာ အရာရာဟာ ပြောင်းလဲလို့လာခဲ့တယ် ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီး လအနည်းငယ်လောက်ကြာတော့ မဟူရာကို ဘန်ကောက်မှာရှိတဲ့တစ်ဦးတည်းသောဦးလေးက မဟူရာ့အဖေရဲ့ လုပ်ငန်းအချို့ကို ကိုယ်တိုင် လာဦးစီးရန်ေပြာခဲ့သည် သက်နှင်းကလည်း ဘန်ကောက်မှာ စီးပွားရေးဆိုင်ရာ ပညာရပ်တွေ ဆက်လက်လေ့လာဖို့ဖြစ်လာခဲ့တယ် မဟူရာတို့ေမာင်နှမနှစ် ေယာက် အမေဖြစ်သူကိုပါ အတူလိုက်ခဲ့ဖို့ေခါ်ေပမယ့် သူမကတော့ အသက်လည်းကြီးပြီမို့ ရှိုင်းအဒေါ်နှင့်အတူ တရားဘောင်ထဲ၀င်ရန်ဆုံးဖြတ်ခဲ့သည် သူတို့နေထိုင်နေတဲ့ အခုအိမ်ကြီးကိုတော့ ပိတ်ထားခဲ့ကြသည် ဒီက အလုပ်တွေကိုတော့ သူအယုံကြည်ရဆုံး လူယုံ ကိုမြင့်နဲ့သာ လွှဲထားဖြစ်ခဲ့သည်
အမှန်ဆို သူအသက်ရဲ့ အငွေ့အသက်တွေရှိတဲ့ ဒီအိမ်ကေန ဘယ်မှမသွားချင်ခဲ့ေပမယ့် သူအသက်ကို နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့တုန်းက အသက်ပြောတာတွေကို ကြားယောင်မိပြီး ရှေ့ဆက်လှမ်းဖို့တွက် ဆုံးဖြတ်ခဲ့သည် သူ့စိတ်ထဲ ထိုနေ့ညက မက်ခဲ့တဲ့ အိမ်မက်ကို ယုံကြည်ချင်မိသည် ထိုအိမ်မက်ကိုမက်ပြီးတည်းက သူနောက်ထပ်ထိုသို့ထက်မက်ဖို့အမျိုးမျိုးကြိုးစားခဲ့ေသာ်လည်း မမက်ခဲ့ အသက်ပြောခဲ့တဲ့ အသက်က သူ့အနားမှာ အမြဲရှိနေမယ်ဆိုတာကိုလည်း ယံုကြည်ေနမိသည် ပြီးတော့ အသက်ပြောခဲ့တဲ့ ကိစ္စကိုလည်း ခုထိ စိတ်ထဲမတင်မကျနှင့် အသက်ဆုံးပြီးနောက် အသက်ရဲ့ အမှုက မတော်တဆမှုအနေနဲ့သာ ပြီးဆုံးခဲ့သည်
မဟူရာ ဒီနှစ်တွေအတွင်း အသက်accident ဖြစ်တဲ့ေန့က အကြောင်းအရာ
ေတွကို သေချာပြန်စုံစမ်းခဲ့သော်လည်း ဘာအစအနမှမတွေ့ခဲ့ အဆိုးဆုံးက အသက်ကိုတိုက်ခဲ့တဲ့ကားမောင်းသူက အသက်ဆုံးပြီးေနာက်ေန့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာမို့ သတင်းအစအနက ပိုပျောက်ခဲ့ရသည်
သုံးနှစ်ဆိုတဲ့အချိန်ဟာ လူတစ်ေယာက်ကို ပြောင်းလဲေပးနိုင်ဖို့ လုံေလာက်သည်ဟု ဆိုရပေမည် ခုဆိုရင် မဟူရာလည်း အတော်ပြောင်းလဲသွားခဲ့ပြီ သူ့ရဲ့လုပ်ငန်းတိုင်းဟာ အောင်မြင်ပြီး အခုဆို သူဟာ စီးပွားရေးလောကရဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့ပြီ သူ့companyနဲ့လက်တွဲလုပ်ချင်သူေတွ အများကြီးပင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာလည်း မဟူရာမောင်ဟာ သွားမရှုပ်သင့်တဲ့ အပြုံးအရယ်နည်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတစ်ကောင်လို့ ပြောဆိုကြသည်
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
