မင်းအနားမှာ...(Part 9)

215 9 0
                                        

Update လေးလာပါပြီရှင်

🤍🤍🤍


မဟူရာ : အကိုရေ အကို


ဒေါ်ယုယမော် : ဟော သား မဟူရာ အိမ်ထဲလာကွယ် ကနေ့ အောင်စာရင်းတွေထွက်ပြီဆို ဘယ်လိုလဲ သား


မဟူရာ : ဟီး သား အောင်တယ် ဒေါ်လေးရဲ့ ရိုးရိုးတောင်မဟုတ်ဖူး ဂုဏ်ထူး နှစ်ဘာသာတောင်ပါတာ ကြီးကြီးရဲ့


ဒေါ်ယုယမော် : သားက တော်လိုက်တာကွယ်


မဟူရာ : ဟီး အဲ့လောက်လည်းမဟုတ်ပါဖူး ကြီးကြီးရဲ့ ဒါနဲ့ အကိုရောဟင်


ဒေါ်ယုယမော် : ညက သူအိပ်ယာ၀င်တာ ‌အတော်နောက်ကျတယ် အဲ့တာကြောင့် မနိုးသေးဖူးထင်တယ်


မဟူရာ : အာ့ဆို ကျွန်တော် အကို့ဆီသွားလိုက်အုံးမယ်နော်


ဒေါ်ယု‌ယမော် : အေး အေး သားလေး


***


ဒေါက်~ဒေါက်~


မဟူရာ : အကို မနိုးသေးဖူးလား


အခန်းထဲက ပြန်ဖြေသံမကြားတာနဲ့ အခန်းတံခါးအသာလေးဖွင့်ပြီး ၀င်လာလိုက်တယ် ဟော တွေ့ပါပြီ သူ့ရဲ့အဖြူလုံးလေး အိပ်ယာထက်မယ် အိပ်ပျော်နေတာ ကလေးလေးကျလို့ ဖြူစင်လိုက်တာ


ကုတင်အစွန်းနားလေးသွားပြီး အကို့ဘေးနားမယ် အသာလေး ထိုင်လိုက်တယ် အကိုဟာ ဖြူစင်ရုံသာမက သိပ်လည်းလှတယ်


မဟူရာ ငေးနေတုန်းမှာပဲ ကုတင်ပေါ်က အဖြူလုံးလေးက အင်း အဲ အသံပြုပြီး လှုပ်ရွရွလေးဖြစ်လာတယ်


ရှိုင်း : အင်းးးးးးးး ( အပျင်းဆန့်သံနော် ) ဟင် မဟူရာ ဘယ်လိုဖြစ်လို့ အစောကြီး ရောက်လာတာလဲ


မဟူရာ : ဟောဗျာ မစောတော့ပါဖူး အကို အိပ်ယာထ နောက်ကျနေတာ


ရှိုင်း : ဟုတ်လား အယ် မေ့တော့မလို့ ကနေ့ အအောင်စာရင်းထွက်မှာမလား ဟာ ဘယ်လိုများ အိပ်ပျော်သွားမိတာလဲ အောင်စာရင်းသွားကြည့်ပြီးပြီမလား
ဘယ်လိုလဲ မဟူရာ


မဟူရာ : ဟို အဲ့တာကလေ


ရှိုင်း : ဘာလို့လဲ ဘာဖြစ်လို့လဲဟင်

မင်းအနားမှာ....Where stories live. Discover now