ရှိုင်း ဒီရက်ပိုင်း စိတ်တို့မကြည်ပါ အကြောင်းမှာ မောင်ခေါ်သွားဖူးတဲ့ မွေးနေ့ပါတီတုန်းက မဟန်နီချိုကြောင့်ပင် မွေးနေ့ပါတီတုန်းတည်းက သူ့ကိုသိပ်သဘောမကျမိ မောင့်ကို ကြည့်တဲ့အခါ သူ့အပိုင်လို သတ်မှတ်ထားတဲ့ သူ့ရဲ့အကြည့်တွေကို ရှိုင်းမကြိုက်ပါ ပြီးရင် မဟန်နီချိုရဲ့ ငြူတူတူ စကားပေြာသံေတွ မောင့်အပေါ် လက်ရဲဇာတ်ရဲနုိင်လွန်းတာေတွကို ရှိုင်းနည်းနည်းမျှပင် သဘောမကျ မောင်နဲ့ စီးပွားရေးpartner တွေမို့သာ ရှိုင်းရဲ့စိတ်ကို လျှော့ပေးထားခြင်ဖြစ်သည်
ဟိုတနေ့ကလည်း မောင့် company ဆီလိုက်သွားတော့ မဟန်နီချိုနဲ့ မောင်နဲ့ စကားပြောနေတာကိုတွေ့ခဲ့သည် စကားပြောတာ အကြောင်းမဟုတ် အခုဟာနှစ်ယောက်သားရဲ့ အကွာအဝေးက မဟန်နီချိုက မောင့်ကိုနမ်းမိမတက် နီးကပ်လွန်းသည် ပြီးရင် မဟန်နီချိုက အပြံုးလှလှေလးေတွကို မျက်နှာထက် ချီထာကာ စကားချိုချိုလေးတွေနဲ့ မောင့်ကို အပြီချုပ်နေသလားတောင် မှတ်ရတယ် မောင့်ကိုကြည့်မိတော့ မောင်က သိပ်သဘောမကျသလို မျက်ခုံးတွေတွန့်ချိုးထားလို့ တော်ပါသေးတယ်လေ ရှိုင်းလည်း မောင့်ဆီမ၀င်ချင်တော့တာနဲ့ အိမ်ပဲပြန်လာခဲ့လိုက်တယ်
ညနေ မောင် အိမ်ပြန်ရောက်တော့လည်း ထိုအကြောင်းမေးကြည့်ချင်ပေမယ့် အလုပ်မှာပင်ပန်းလာပုံရတဲ့ မောင့်ကို ထပ်ပြီး စိတ်အနှောကိအယှက်မပေးချင်တာမို့ မမေးဖြစ်လိုက်ပါ
ဒါပေမယ့် အခုရက်ပိုင်းအတွင်း မောင်ခြေလှမ်းတွေပျက်နေတာကို သတိထားမိလာတယ် အရင်ကဆို မနက် company မသွားခင်ဆို ရှိုင်းပြင်ပေးတဲ့မနက်စာကို စားပြီးမှ အလုပ်သွားတတ်တဲ့သူက အခုရက်ပိုင်းတွင်း ဘာတွေအရေးကြီးနေမှန်းမသိ ရှိုင်းနိုးတဲ့ထိတောင် မစောင့်နိုင်ပဲ company ကိုထွက်ထွက်သွားတတ်သည် ညနေဆိုရင်လည်း အရင်ကထက်ပိုပြီးနောက်ကျမှအိမ်ပြန်လာတတ်သည် မောင့်ကိုမေးလိုက်ရင် မောင်ပြန်ပြောလာသည်က company မှာအလုပ်များနေလို့ လို့ပဲ ပြန်ဖြေသည် အခုလည်းကြည့် တော်တော်ညနက်နေတဲ့ထိ မောင်ပြန်မလာသေး
~ တီ တီ ~
ရှိုင်းစောင့်နေတုန်းမှာပဲ ခြံရှေ့က ကားဟွန်းတီးသံကြားလိုက်ရသည် ခဏကြာတော့ ခြံထဲကားရပ်သံကြားလိုက်ရပြီး မောင့်ရဲ့အတွင်းရေးမှူး ကိုမြတ်က မောင့်ကို တွဲပြီး အိမ်ထဲ၀င်လာသည်
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
