*ဟန်နီချို၊ ရှိန်းခန့်ပိုင်* မင်းတို့ကြားမှာ တစ်ခုခုဆက်စပ်မှုရှိနေတယ်မလား*
"မင်း ရှိန်းခန့်ပိုင်ကိုစောင့်ကြည့်ထားပါ။ သူဘာလုပ်တယ်။ ဘယ်သူနဲ့ရှိနေတတ်တယ်က အစ သူ့ကိုသေချာစောင့်ကြည့်ပေးထားပါ။ အကယ်၍ မင်းအကူညီလိုရင် ငါလူယုံတစ်ယောက်ကိုထည့်ပေးမယ်"
"ရပါတယ် ကျွန်တော်တစ်ယောက်တည်းလုပ်လိုက်ပါ့မယ်။ ကျွန်တော်က တစ်ခြားသူနဲ့ တွဲလုပ်ရတာသိပ်မကြိုက်လို့ပါ"
"ကောင်းပြီ"
သီဟပြန်သွားတော့ မဟူရာလည်း အပေါ်ထပ်က အခန်းဆီသွားလိုက်သည်။ တနေကုန်ပင်ပန်းထားသမျှပျောက်အောင် ရေချိုးလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးဖြစ်မှာလေး ၀တ်ထားလိုက်သည်။
အဲ့နောက်တော့ အခန်းထဲက အလုပ်စားပွဲမှာ ထိုင်ရင်း လက်တလော အသက်အက်စီးဒန့်ရဲ့ အကြောင်းအရာတွေကို ဆက်စပ်တွေးတောနေမိသည်။ အကယ်၍ ဟန်နီချိုနဲ့ ရှိန်းခန့်ပိုင်က အဓိကတရားခံတွေဆိုရင် သူတို့နောက်မှာ သူတို့ကို ကူညီပေးနေတဲ့ နောက်ခံကောင်းကောင်းတစ်ခုရှိရပေအုံးမည်။ သူတို့နှစ်ယောက်တည်းနှင့်သာဆို အမှုတစ်ခုလုံးကိုဖုံးပစ်လိုက်နိုင်တဲ့ထိ အစွမ်းအစ မရှိနေပါ။
*အမှုကို မြူမှုန်စလေးတစ်စလို လက်စဖျောက်ပစ်နိုင်တဲ့ထိ အင်အားကြီးတဲ့သူ ဘယ်သူဖြစ်နိုင်မလဲ*
ဒီညလည်း မဟူရာ ဒီအကြောင်းအရာတွေနဲ့ အိပ်မပျော်နိုင်အုံးမှာသေချာနေပါသည်။
****
~Ever Shine Group~
"မောင် အပေါ်ထပ်ထိလိုက်ပို့ပါမယ်ဆိုတာကိုဗျာ"
"ရပါပြီ မောင်ရယ် မ ဒီမှာပဲဆင်းလိုက်ေတာ့မယ် တော်ကြာ ဖေဖေတွေ့သွားရင် မောင်နဲ့မ မတွေ့ရပဲနေမယ်"
"မ အဖေက မောင့်ကိုဆို အခုထိ အမြင်ကိုမကြည်နိုင်သေးဖူး။ မောင်လည်း ဘာလုပ်ရမလဲ မသိတော့ဖူးဗျာ"
"မောင်ကမှ ဖေဖေယုံအောင် သက်သေမပြနိုင်သေးတာ။ ဖေဖေလိုချင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားလေ"
"ကျွန်တော်လည်း ကြိုးစားတာပဲလေ။ကျွန်တော်က လူအားသုံးရတဲ့အလုပ်တွေနဲ့ပဲကိုက်တာ။ ဘယ်သူ့ကိုရှင်းပစ်ပေးရမလဲ ကျွန်တော့်တွက် လွယ်လွယ်လေးပဲဗျာ။ အဲ့လို ဉာဏ်သုံးပြီးမှ လုပ်ရတဲ့အလုပ်တွေနဲ့ဆိုမကိုက်ဖူး"
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
