မင်းအနားမှာ...(Part 7)

240 14 2
                                        


မဟူရာ အိပ်ယာပေါ်မယ် လူလိမ့်ရင်း အိပ်မပျော်နိုင်ဖြစ်နေရသည် အကြောင်းကတော့ သူ့ရဲ့အသစ်ဆက်ဆက် ဆရာလေးအကြောင်းကို တွေးနေခြင်းကြောင့်ပင်


အရင်က မဟူရာ အချစ်ဆိုတာကို မတွေးဖူးပေ သူ့မိဘတွေရဲ့ အချစ်ရေး၊ အိမ်‌ေထာင်‌ေရး‌ေတွ‌ေကကြာင့် အချစ်ဆိုတာကြီးကို အယုံအကြည်လည်းမရှိခဲ့ပေ သူ့တစ်ဘ၀လုံး ကြင်ဖော်မရှာတော့ဖူးလို့တောင် ဆုံးဖြတ်ထားခဲ့တာပင်


ဒီအတွေးတွေအကုန်လုံးက အကိုနဲ့ တွေ့ပြီးနောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရတယ်


အမှန်တိုင်းပြောရကြေးဆို မဟူရာ အကို့ကို မိုးရွာထဲမယ် စတွေ့ခဲ့တဲ့နေ့တည်းက ချစ်မိခဲ့တာ အဲ့နောက်နေ့တွေမှာ သူအဲ့နေ့ရာနဲ့အနီးတဝိုက်မယ် အကိုရှိနိုင်မလားဆိုတဲ့စိတ်နဲ့ လိုက်ရှာခဲ့သေးတယ်


နောက်ပိုင်းတော့ ရှာလို့လည်းမ‌ေတွ့တာတစ်ကြောင်း၊ သူ့ကျောင်းစာတွေနဲ့ သူအလုပ်ရှုပ်နေတာတစ်ကြောင်းနဲ့ လိုက်မရှာဖြစ်တော့ပေ သို့သော်ငြား သူ အကို့ကို တစ်ရက်မှမေ့မရခဲ့


ဒီန့လည်း မေမေငှားထားတဲ့ ဆရာနဲ့အဆင်ပြေပါ့မလားလို့ သူတွေးနေရင်းက အောက်ထပ်က စကားပြောသံကြားသည်မို့ ဆရာလာပြီအထင်နဲ့ ထွက်ကြိုဖို့ တံခါးအဖွင့် သူ‌အမြဲလိုက်ရှာနေတဲ့သူကို တွေ့လိုက်ရတော့ သူတကယ်ကိုပင် အံ့ဩ၀မ်းသာဖြစ်ခဲ့ရသည်


"ကျွန်တော့်နှလုံးသားတစ်ခုလုံးကို အရည်ပျော်စေခဲ့တဲ့ အကိုက စွမ်းအားရှင်လားဗျာ ကျွန်တော်တော့ အကို့ကို ချစ်နေမိပြီထင်တယ်ဗျာ"


အဲ့နေ့ညက မဟူရာ့နည်းတူစွာပင် မဟူရာ့အကြောင်းကို တွေးပြီး အိပ်မပျော်နိုင်သူ တစ်ဦးလည်းပဲ ရှိနေခဲ့ပြန်သည်

🤍🤍🤍🤍


ဘာလိုလိုနဲ့ မဟူရာနဲ့ ရှိုင်းနဲ့ သိလာခဲ့တာ ငါးလတောင်ကျော်လာပြီ ခုဆို ဆရာတပည့်ထက် ညီအကိုတွေလိုမျိုးတောင် ပိုပိုပြီးရင်၊နှီးလာကြပြ


(A/N - ဘေဘီတို့ ညိုကီတွေလို ဆိုတာ ယုံကြလားဟင် ရွှန်းတော့ မယုံဖူး 😏)

မင်းအနားမှာ....Where stories live. Discover now