မဟူရာ အခန်းထဲက ကုတင်ပေါ်မှာ laptop တစ်လုံးရှေ့ချပြီး အတွေးများနေသည်။ အခုဆို သူဒီပြန်ရောက်နေခဲ့တာ ၃လခန့်ရှိခဲ့ပြီဖြစ်သည်။ ဒီ၃လအတွင်း အသက်ရဲ့ accident နှင့်ပက်သက်ပြီး တောက်လျှောက်စုံစမ်းနေခဲ့သော်လည်း ရေရေရာရာမသိရသေး။ အချိန်ကြာလာတာနဲ့အမျှ အသက်ရဲ့ accident ကသွေးရိုးသားရိုးမဟုတ်ခဲ့ကြောင်းကို သိလာခဲ့ရသည်။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်က အဓိက တရားခံက သက်သေအားလုံးကို ပိပိရိရိဖုံးထားနိုင်တဲ့သူဖြစ်ရမည်။ ထိုသို့ဖုံးထားနိုင်ဖို့ဆိုရင် သာမာန်လူတန်းစားတည်းကတော့မဖြစ်နိုင်တော့ပေ။ ဒီထပ်ပိုပြီး တိကျတဲ့သက်သေအထောက်အထားတွေပိုရနိုင်မယ်ဆိုရင် မဟူရာထင်နေတဲ့သူဖြစိနိုင်မဖြစ်နိုင်ဆိုတာ သိနိုင်ပေလိမ့်မည်။ သို့ပေမယ့် သူတို့ဘက်က ငွေအင်အားဘယ်လောက်အကုန်ခံပါစေ အကြောင်းအစုံကို အခုထိ အသေးစိတ်မစုံးစမ်းနိုင်သေးပေ။
မနက်ဖြန် မနက်တော့ မဟူရာ လူတစ်ယောက်နှင့်သွားတွေ့ဖို့ရှိသည်။ ထိုသူက အခြားမဟုတ်။ အသက်ကိုတိုက်သွားတဲ့ ကားကိုမောင်းနှင်သူ ကိုယ်ကိုယ်ကိုယ်သက်သေသွားတဲ့နေ့က ထိုလူဆီ အမျိုးသမီးတစ်ဦး ရောက်လာခဲ့တာကိုမြင်ခဲ့သည့် လူနှစ်ဦးထဲက တစ်ဦးဖြစိသည်။ သူတို့နှစ်ဦးအနက် တစ်ဦးက ထိုအမျိုးသမီးကိစ္စကို ထုတ်ပြောလိုက်မိလို့ နှုတ်ပိတ်ခံလိုက်ရသည်။ ထိုအချိန်ထဲက ကျန်ခဲ့တဲ့လူက ဒီအကြောင်းကို နှုတ်ပိတ်ပြီးမသိချင်ယောင်ဆောင်နေခဲ့သည်။ မဟူရာတို့မေးတာတောင် တော်တော်နဲ့ပြောပြဖို့သဘောမတူခဲ့ပါ။ သူ့ရဲ့လုံခြုံရေးတွက် အာမခံကြောင်းပြောမှသာ မဟူရာတို့ကို အဲ့ဒီအမျိူသမီးပုံပန်းသဏ္ဌာန်ပြောပြဖို့သဘောတူခဲ့သည်။ ထိုလူဆီက ရမည့်အကြောင်းအရာက မဟူရာအတွက် အရေးပါသော အရာတစ်ခုခုကိုသိရှိလာနိုင်ပေမည်ဟု ထင်မိပါသည်။
*ဟူးးးးးး*
မဟူရာ သက်ပြင်းအရှည်ကြီး တစ်ချက်ကိုချလိုက်မိပြီး အရှေ့မှာ ချထားတဲ့ laptop ကိုပိတ်ကာ ကုတင်ဘောင်ကို ခပ်ေလျှာေလျှာမှီရင်း မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
"မောင်"
သူ့နားအနား သူသိပ်ရင်းနှီးတဲ့ ခပ်တိုးတိုးခေါ်သံလေးကြောင့် မျက်လုံးဖွင့်ကို ရုတ်တရက်ဖွင့်ကြည့်မိလိုက်သည်။
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
