မင်းအနားမှာ...(Part 10)

189 5 0
                                    

Warning 🚨 ပိစိလေးပါတယ်‌စင့်


ဘာလိုလိုနဲ့ ကာသီတွေ အလီလီကူ‌း‌ေပြာင်းပြီး နှစ်တွေပြောင်းလဲလာခဲ့တာ မဟူရာနဲ့ရှိုင်းတို့ ချစ်သူသက်တမ်းဟာ ၄နှစ်ကျော်ရှိခဲ့ပြီ ဖြစ်သည်


ရာသီတွေ နှစ်တွေ ပြောင်းလာခဲ့သလိုပဲ အရာရာဟာလည်း ပြောင်းလဲလာခဲ့ပြီ


မဟူရာတို့ ချစ်သူသက်တမ်း ၂နှစ်ပြည့်တဲ့နေ့မှာ နှစ်ဖက်မိသားစုကို သူတို့အကြောင်း ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့သည်


အစကတော့ လူကြီးတွေ သဘောမတူကြမှာကို စိုးထိတ်မိသော်လည်း လူကြီးနှစ်ယောက်က ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့သည့်အတွက် သူတို့ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးဟာလည်၊ ပိုပြီးလွတ်လွတ်လပ်လပ်ရှိလာခဲ့သည်


မဟူရာရဲ့အမေဟာ လူကြီးရောဂါနဲ့ပဲ မဟူရာ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ဆုံးသွားခဲ့တယ် သူမ မဆုံးခင်မှာ မဟူရာကို ရှိုင်းရဲ့လက်ထဲ စိတ်ချယုံကြည်စွာ အပ်နှံခဲ့သည်


သူ့အမေဆုံးပြီး မကြာခင်မှာပဲ မဟူရာ့ရဲ့အဖေဟာ သူတို့ရှိရာကို ရောက်လာခဲ့ပြီး ပြန်လိုက်ခဲ့ဖို့ သူ့အလုပ်တွေကို ပြန်လာဦးစီးဖို့ လာခေါ်ခဲ့သည်


အစကတော့ မဟူရာက တင်းမာနေပေမယ့် သူအဖေဟာ သူနဲ့အကိုတို့ရဲ့ ဆက်ဆံရေးကိုလက်ခံပေးနိုင်ကြောင်း အကို့ကိုပါ တစ်ပါတည်းခေါ်ခဲ့နိုင်ကြောင်း အကို့ကို မိသားစု၀င်တစ်ယောက်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြောလာခဲ့တဲ့အခါမှာ အကို့ဘ၀လေး ဒီထက်ပိုကောင်းကောင်းနေနိုင်ဖို့ သူအဖေနဲ့ပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်


အဖေက‌ေကာ မဟူရာကကော အကိုကပါ ဒေါ်လေးယုယကိုလည်း အတူနေဖို့ ခေါ်ပေမယ့် ဒေါ်လေးက အကို့ကို မဟူရာနဲ့ဆို စိတ်ချနိုင်ခဲ့ပြီမို့ သာသနာ့ဘောင် ရာသက်ပန်၀င်ဖို့ ဆုံးဖြတ်ထားပြီလို့ ပြန်ဆိုလာခဲ့တယ်


ဆံုးဖြတ်ချက် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပုံပေါ်နေတဲ့ ဒေါ်လေးကြောင့် မဟူရာလည်း ဆက်မတားတော့ပဲ ဒေါ‌်လေးကို မခွဲနိုင်လို့ ငိုနေသော အကို့ကိုသာ ချော့ပြောပြီး အတူခေါ်လာခဲ့တယ်

မင်းအနားမှာ....Where stories live. Discover now