ကိုမြင့် ကျွန်တော့်ကို အရင်နေ့က စာရင်းတွေ လက်မှတ်ထိုးစရာတွေလာအပ်ထားတာရှိရင် ယူခဲ့ပေးပါအုံး
(သူ့ကိုကောမှတ်မိသေးလာဟင် မဟူရာရဲ့ အတွင်းရေးမှူးနော်)
ကိုမြင့်: ဒီမှာပါ အကိုလေး
မဟူရာလည်း ဖိုင်တွေကိုယူလိုက်ပြီး သေချာစိစစ်ပြီး လက်မှတ်ထိုးနေလိုက်တယ်
ကိုမြင့်: အကိုလေးအလုပ်တွေ လက်စသိမ်းနေတာ ဒီနေ့ အိမ်ပြန်မို့လား
မဟူရာ : ဟုတ်တယ် ကိုမြင့် ကျွန်တော် အိမ်မပြန်ဖြစ်တာ သုံးညလောက်ရှိပြီမို့ ဒီနေ့တော့ ပြန်မှဖြစ်မှာဗျ
ကိုမြင့်: ဘာလဲ အကိုလေး အိမ်သူသက်ထားလေးကို လွမ်းနေပြီမို့လား
မဟူရာ: ဟား ဟား ဒါပေါ့ဗျာ ဒီတစ်ယောက်လေးရှိတာ လွမ်းတာပေါ့ဗျာ
ကိုမြင့်: ဟုတ်ပါပြီဗျာ အကိုလေးတို့ပဲကောင်းပါတယ်
မဟူရာ: ခင်ဗျားလည်း အသက်မငယ်တော့ဖူး တစ်ေယာက်ေလာက်ေတာ့ ရှာသင့်ပြီနော် ဘာလဲ ကျွန်တော်ရှာပေးရမလား
ကိုမြင့်: တော်ပါပြီဗျာ ဒီအရွယ်ရောက်မှတော့ အိမ်ထောင်မပြုတော့ပါဖူး အကိုလေးရယ် အိမ်က အမေနဲ့အဖေကိုပဲ တစ်သက်လုံးလုပ်ကျွေးတော့မယ်ဗျာ
မဟူရာ: ဟုတ်ပါပြီ လူပျိုကြီးရယ်
မဟူရာတို့လည်း လုပ်စရာရှိတဲ့ အလုပ်တွေ အကုန်လက်စသိမ်းပြီးချိန် နာရီကိုကြည့်မိတော့ 6:00တောင်ရှိတော့မယ်
မဟူရာ: ကိုမြင့် ခင်ဗျားပြန်နှင့်ချင် ပြန်နှင့်တော့လေ ကျွန်တော် ဒါတွေသိမ်းပြီးပြန်တော့မှာ ခင်ဗျားလည်း ဒီရက်ပိုင်း အတော်ပင်ပန်းသွားပြီ ကျေးဇူးပဲဗျာ ကျွန်တော့်ကို ကူပေးလို့ မဟုတ်ရင် အလုပ်ပုံတွေထဲ ခေါင်းစိုက်နေရမှာဗျ
ကိုမြင့်: မဟုတ်တာ အကိုလေးရယ် ဒါကျွန်တော့်ရဲ့တာ၀န်ပါ ပြီးတော့ အကိုလေးက ကျွန်တော့်ပေါ် အများကြီးကောင်းပေးခဲ့သူပါ ဒီလောက်က ကျွန်တော့်တွက် ဘာမှမပင်ပန်းပါဖူးဗျာ
မဟူရာလည်း ကိုမြင့်ကို တစ်ချက်ပြုံးပြလိုက်တယ် ကိုမြင့်ထွက်သွားပြီးတော့
သူလည်း သိမ်းစရာရှိတာတွေသိမ်းပြီး အလုပ်ခန်းထဲက ထွက်လာခဲ့လိုက်တော့တယ်
****
သက်နှင်း အိမ်ပေါ်က ဆင်းလာတော့ ကိုရှိုင်းကိုမတွေ့တာနဲ့ သက်နှင်းလိုက်ရှာကြည့်တော့မှ မီးဖိုချောင်ထဲမယ် ဒေါ်ကြီးနဲ့ အလုပ်ရှုပ်နေလေရဲ့
သက်နှင်းလည်း ဧည့်ခန်းမှာထိုင်ပြီး ပုတီးစိပ်နေတဲ့ မေမေ့နားသွားလိုက်ပြီး
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
