အိမ်ရှေ့ခုံတန်းလေးပေါ်ထိုင်းနေရင်း ရှိုင်း များစွာသော အကြောင်းကိစ္စတွေကိာ အတွေးလွန်နေမိသည်
ရှိုင်း ဒီနေ့ စိတ်သိပ်မကြည်နေပါ မနက်ကတည်းက စိတ်ထဲမှာ ဇနိုးဇနောင့်နဲ့ ဘာဖြစ်နေလည်း မပြောတတ် မောင်ကလည်း ဒီရက်ပိုင်း company မှာ အလုပ်များနေတယ်ချည်းဆိုကာ အိမ်တောင် ကောင်းကောင်းပြန်မလာ
ရှိုင်း မောင့်ကိုမယုံကြည်တာမဟုတ်ပေမယ့် ရှိုင်းစိတ်ထဲမှာ သူကြောက်နေသလို မဖြစ်လာဖို့ ဆုတောင်းနေမိသည်
သက်နှင်း အိမ်ရှေ့ထွက်လာတော့ ကိုရှိုင်းကိုတွေ့လိုက်ရတယ် ခုံတန်းလေးပေါ်မှာထိုင်းရင်း တစ်ယောက်တည်းအတွေးလွန်နေပုံပေါ်တယ် သူအနားရောက်လာတာတောင် မသိဖူး
(သက်နှင်းက မဟူရာရဲ့အေဖ နောက်အိမ်ထောင်ဘက်ကပါလာတဲ့ မယားပါညမလေးနော် မေ့နေကြမှာစိုးလို့)
သက်နှင်း : အကိုရှိုင်း တစ်ယောက်တည်း ဘာတွေတွေးနေတာလဲ ညီမရောက်တာကြာပြီ အကိုရှိုင်းက သတိမထားမိဖူး
ရှိုင်း : အော် သက်နှင်း ဘာရယ်မဟုတ်ပါဖူး ဟိုတွေးဒီတွေးပါ
သက်နှင်း : ကိုကြီးအကြောင်းမဟုတ်လား အကိုရှိုင်း
ရှိုင်း : မဟုတ်ပါဖူ ဒီတိုင်းပါပဲ
သက်နှင်း : မလိမ်ပါနဲ့ အကိုရယ် ဒီရက်ပိုင်း အကိုဘာဖြစ်နေလဲ သက်နှင်းရိပ်မိပါတယ်
သူစိတ်မကြည်လင်ဖြစ်နေတာ အဲ့လောက်ထိသိသာသွားတာလား
သက်နှင်း : အကိုရှိုင်း စိုးရိမ်နေတာကို သက်နှင်းသိပါတယ်
အဲ့ဟန်နီချိုဆိုနဲ့မိန်းမက သိပ်အတင့်ရဲလွန်းတယ် ဟိုတခေါက်က သူအိမ်ကိုလာကတည်းက သက်နှင်းရော မေမေကော သူ့ကိုသိပ်သဘောမကျဖူး မေမေကတောင် ကိုကြီးကို ပြောနေသေးတယ် အဲ့မိန်းမကတစ်မျိုးပဲလို့ ကိုကြီးက အလုပ်သဘောရ သည်းခံပက်သက်နေရတာပါတဲ့လေ
ရှိုင်း : ဟူးးးးး အလုပ်သဘောရဆိုတာကို အကိုနားလည်ပါတယ် သက်နှင်းရယ် အကိုက အဲ့လောက် အတွေးသိမ်လွန်းတဲ့သူမဟုတ်ပါဖူး အကိုကြောက်တာက အလုပ်သဘောရပက်သက်ရင်း မောင့်စိတ်တွေ ယိုင်သွားမှာကိုစိုးတာ ခုနောက်ပိုင်းဆို မောင်က အလုပ်ကိစ္စဆိုပြီး အိမ်ပြန်မလာဖြစ်တဲ့နေ့တွေလည်းရှိလာတယ်လေ တစ်ခါတစ်လေ အကို့အတွေးတွေ အရမ်းအစွန်းရောက်သွားတဲ့ခါကျ မောင်က အဲ့လိုလူမျိုးမဟုတ်ဖူးဆိုပြီး ပြန်တွေးမိပေမယ့် ဘာပဲပြောပြော သူက မိန်းကလေးလေ အကိုကယောက်ျားလေး ဘယ်တူနိုင်ပါ့မလဲ သူနဲ့အနေနီးပြီး သူ့အပေါ်စိတ်ယိုင်သွားရင်ရော တစ်နေ့မှာ အကို့ကိုမောင်စိတ်ကုန်သွားပြီး အကို့အနားက ထွက်သွားရင်ရောဆိုပြီး ဆက်တိုက် တွေးနေမိတာ
YOU ARE READING
မင်းအနားမှာ....
Фанфикшнအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
