ဒီနေ့ မနက်တည်းက ရှိုင်းတစ်ယောက် မီးဖိုချောင်ထဲမယ် တစ်ယောက်တည်း အလုပ်ရှုပ်နေလေရဲ့
သက်နှင်း : အကိုရှိုင်း မနက်တည်းက မီးဖိုချောင်ထဲက ထွက်ကိုမလာသေးဖူး ဘာတွေလုပ်နေတာလဲ
ရှိုင်း : အော် အကိုလား cake လုပ်နေတာ ညီမလေးရဲ့
သက်နှင်း : cake ဘာအတွက်လဲဟင်
ရှိုင်း : ဒီနေ့က အကိုနဲ့ မောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ပြည့်တဲ့နေ့လေ
သက်နှင်း : ဟုတ်လား အကိုရှိုင်း ကိုကြီးကို Surprise လုပ်မို့လား
ရှိုင်း : ဟုတ်တယ် ညီမလေးရဲ့ ေပြာမယ်သာေပြာရတာ မောင်က အလုပ်များပြီး မေ့နေလားမသိဖူး
သက်နှင်း : မမေ့လောက်ပါဖူး အကိုရှိုင်းရဲ့ ကိုကြီးက အကို့ကို ဒီလောက်ချစ်တာ ဘယ်မေ့ပါ့မလဲ
ရှိုင်း : ဟုတ်မှာပါ မေ့ရဲမေ့ကြည့်ပါလား တညလုံး အခန်းပြင်ထုတ်ထားလိုက်မယ်
သက်နှင်း : အမလေး အကိုရှိုင်းရယ် ကိုကြီးအစား ညီမလေးတောင် လန့်တယ်
ရှိုင်း : ဟီး မလန့်ပါနဲ့ ညီမလေးရဲ့
သက်နှင်း : ဒါနဲ့ ဘာကူပေးရဦးမလဲဟင်
ရှိုင်း : ရပြီသက်နှင်း အကိုဒါလေးးအလှဆင်ပြီးရင် ပြီးပြီ
Cake လုပ်ရင်း မျက်နှာမယ် ဂျုံတွေပေပွနေတာတောင် အကိုရှိုင်းက တစ်မျိုးချစ်စရာကောင်းနေသေးတယ် အမြဲတမ်း ပြုံးရွှင်နေတတ်တဲ့ အကိုရှိုင်းကို ကြည့်ပြီး သက်နှင်း အလိုလိုကြည်နူးမိပါတယ် ကိုကြီးကလည်း အကိုရှိုင်းမျက်နှာ တစ်ကမ္ဘာပဲ သူ့ရဲ့ အိမ်သူသက်ထားေလးကို တစ်ချက်မှ မျက်နှာအညှိုးခံသူမဟုတ် ကိုကြီးက အမြဲပျော်ရွှင်အောင်ထားပေးတော့ အကိုရှိုင်းကို ကြည့်လိုက်တိုင်း ကြည်လင်အေးချမ်းနေတာပဲ ချစ်ခြင်းမေတ္တာတွေ ထပ်တူကျတဲ့အခါ ပျော်ရွှင်ရတယ်ဆိုတာ အကိုရှိုင်းနဲ့ကိုကြီးတို့က သက်သေပင်
မဟူရာ : ကိုမြတ် မမဒီကို ကျွန်တော်ခိုင်းထားတဲ့ project နဲ့ပက်သက်ပြီး အသေးစိတ်အကုန် မနက်ဖြန်နောက်ဆုံးထားပြီး တင်ပြပေးပါလို့ တစ်ချက်ပြောပေးပါအုံး ပြီးရင် နောက်အပတ် meeting အတွက် အချက်အလက်တွေ ပြင်ဆင်ထားပေးပါလို့ကော ပြောလိုက်ပါအုံး
YOU ARE READING
မင်းအနားမှာ....
Terrorအကို မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် အကို သေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်