နာရီအတော်ကြာသည်ထိ ပွင့်မလာသေးတဲ့ ခွဲစိတ်ခန်းလေးကိုကြည့်ရင်း အပြင်မှာရှိနေကြတဲ့လူအားလုံးရဲ့မျက်နှာမှာလည်း စိုးရိမ်မှုတွေဟာအထင်းသား ဒေါ်ပျိုနှင်းမေနဲ့ အိမ်အကူအန်တီကြီးတို့က ဘုရားစာတွေရွက် ေနကြတယ်
သက်နှင်းလည်း သက်ပြင်းသာ အခါခါချရင်း တစ်ချိန်လုံးငြိမ်နေတဲ့ ကိုကြီးကိုပါ သူစောင့်ကြည့်နေရသည် ကိုကြီးဟာ ခုချိန်မှာ ဘယ်ချိန်ထပေါက်မလဲ မသိနိုင်တဲ့ ချိန်ကိုက်ဗုံးတစ်လုံးလို တစ်နေရာတည်းကိုစိုက်ကြည့်ကာ ငူငူငိုင်ငိုင်ကြီးနဲ့ ကိုရှိုင်းကလည်း အရေးပေါ်အခြေအနေနဲ့ စိုးရိမ်နေရဆဲ ကိုကြီးကလည်း စိတ်နဲ့လူနဲ့မကပ်နေသလို အကိုနှစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီး သူမ တကယ်ငိုချင်လာမိသည်
ခဏအကြာ ခွဲခန်းတံခါးဖွင့်လာပြီး ကိုရှိုင်းကို ကုသပေးနေတဲ့ ဆရာ၀န်ကြီးထွက်လာသည် သူတို့ပဲစိတ်ထင်နေလို့လား မသိ ဆရာ၀န်ကြီးရဲ့မျက်နှာက တစ်ခုခုကိုစိတ်မကောင်းဖြစ်နေသလို အားလုံးထဲမှ ဒေါ်ပျိုနှင်းမေကပဲ ဆရာကြီးကို စကားစမေးလိုက်တော့သည်
ဒေါ်ပျိုနှင်းမေ : ဆရာ ကျွန်မသားလေး အခြေအနေဘယ်လိုရှိလဲဆရာ
ဆရာ၀န် : စိတ်မကောင်းပါဖူး လူနာက ဆေးရုံရောက်လာတည်းက သွေးထွက်လွန်နေတဲ့အပြင် ဒဏ်ရာတွေကလည်းတော်တော်ပြင်းတယ် ပြီးတော့ကျွန်တော်တို့တွေ တကယ်အတတ်နိုင်ဆုံးကြီုးစားခဲ့ကြပါတယ် ဒါပေမယ့် လူနာက အသက်ဆက်ရှင်ဖို့ စိတ်အားသန်မနေခဲ့ဖူးထင်တယ်
ဆရာ၀န်ကြီးစကားအဆုံးမှာ အားလုံးက ၀မ်းပမ်းတနည်းငိုချမိကြတော့တယ်
ဒေါ်ပျိုနှင်းမေ : ရှိုင်းငယ်လေးရယ် ဒေါ်လေးဘယ်လိုဖြေသိမ့်ရပါ့မလဲ သားရယ်
ဒေါ်ပျိုနှင်းမေ ရှိုက်ကြီးတငင်ငိုသည် အိမ်အကူအဒေါ်ကြီးကလည်း သူမကိုထိန်းပေးထားရင်း ငိုနေသည် သက်နှင်းလည်း စိတ်ကို တင်းထားသည့်ကြား ငိုချမိသည်
သူတို့အားလုံး ၀မ်းနည်းစွာငိုကြွေးနေသော်လည်း မဟူရာ မျက်ရည်တစ်စက်မကျမိ သူ့နားထဲမှာ ဆရာ၀န်ကြီးပြောသွားနေသည်ကိုသာ အဖန်ဖန်ကြားနေမိသည်
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
