မဟူရာ - မာမီ ပြန်လာပြီလား သားက မာမီ့ကိုမျှော်နေတာ သူငယ်ချင်းနဲ့ပြန်တွေ့လို့ဆို ကြည်ဖြူက ပြောတယ်
ဒေါ်နှင်းနှင်းလွင် - ဟုတ်တယ် သားရေ အဆက်အသွယ်တွေပြတ်သွားပြီး ခုမှပြန်ဆုံတော့ မတွေ့ရတာလည်းကြာနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ကြာသွားတာ
မဟူရာ - မာမီတို့ကတော့ ငယ် သူငယ်ချင်းကိုပြန်တွေ့ရတော့ အိမ်က သားကိုမေ့ပြီပေါ့လေ သားမယ်တော့ မလာမလာနဲ့ တေနကုန် မျှော်နေတာ
မဟူရာ ဆူပုတ်ပုတ်လေးနဲ့ သူ့အမေကိုပြောလိုက်တော့ သူ့အမေက အသဲယားစွာ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ဆွဲညှစ်လိုက်တယ်
မဟူရာက တခြားသူတွေအမြင်မှာ ခက်ထန်တဲ့ပုံပေါ်ချင်ပေါ်နေမယ် ရင့်ကျတ်နေပုံဖြစ်ချင်ဖြစ်နေမယ် သူချစ်တဲ့သူတွေနဲ့ဆို သူဟာ ကလေးတစ်ယောက်လိုပင်
ဒေါ်နှင်းနှင်းလွင် - အိုအို ဒါက မာမီ့ကိုချွဲတာပေါ့လေ မာမီ့သားလေးက လူကြီးကြီးဖြစ်နေပြီထင်တာ ကလေးလေးပဲရှိသေးတာပဲ လူကြီးယောင်ဆောင်ထားတဲ့ ကလေးပေါက်လေး
မဟူရာ - မာမီနော်
ဒေါ်နှင်းနှင်းလွင် - ဟား ဟား ဟုတ်ပါပြီရှင် ဆူပုတ်မနေနဲ့တော့ ရေသွားချိုးချေ ညစာ အတူတူစားရအောင်လို့
မဟူရာ - ဟုတ် မာမီ
ဒေါ်နှင်းနှင်းလွင် - အော် ပြောဖို့မေ့တော့မလို့ သားတွက် မာမီ guide တစ်ယောက်ရှာထားတယ် သူက မနက်ဖြန်ကစ စ၀င်ပေးမယ်တဲ့ ညနေပိုင်း ၄ နာရီလောက်လာမယ်တဲ့သား
မဟူရာ - မာမီ guide ရှာတာ မြန်လိုက်တာ ဟုတ်ရောဟုတ်ရဲ့လားမာမီရယ် တော်ကြာ သားဒဏ်တွေမခံနိုင်ပါဖူးဆိုပြီးလည်း ထွက်ပြေးသွားအုံးမယ်
ဒေါ်နှင်းနှင်းလွင် - သားရယ် မာမီက သေချာစဉ်းစားပြီးမှ ခေါ်ထားတာပါ လူလေးကလည်း ရည်ရည်မွန်မွန်လေး အသင်အပြလည်းကောင်းမယ့်ပုံပါ ပြီးတော့ သူက တခြားသူမဟုတ်ဖူး မာမီ နေ့လည်ကမှ ပြန်တွေ့တယ်ဆိုတဲ့ မာမီ့သူငယ်ချင်းရဲ့ တူလေး သားရဲ့
YOU ARE READING
မင်းအနားမှာ....
Фанфикшнအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
