(A/N ဒီအပိုင်းကစလို့ မဟူရာနဲ့ရှိုင်းနဲ့ရဲ့ တွေ့ဆုံမှုလေးကို နောက်ကြောင်းပြန်ရေးသားသွားမှာပါ )
သူများတွေရဲ့ တွေဆုံမှုတွေက ဘယ်လိုလည်း ကျွန်တော် မသိပေမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကတော့ ရိုးရှင်းပါတယ် ~
ရှိုင်း : အာ ထီးမေ့လာတဲ့နေ့မှ မိုးရွာလာရတယ်လို့ စိတ်ညစ်လိုက်တာ မိုးရေတွေ စိုကုန်တော့မယ်
ဟူးးး ကျွန်တော် ကျောင်းစတက်ရက်မှာပဲ မိုးမိတဲ့အဖြစ် တော်သေးတယ် မေမေ ထည့်ပေးလိုက်တဲ့ ထီးယူလာမိလို့
" ဟင် ဟိုကောင်လေး ထီးပါပုံလဲ မပေါ်ဖူး မိုးကလည်း ရွာကောင်းတုန်းပဲ လူကမှ ဖြူသေးသေးပါဆို ဒီတိုင်းဆို သူအအေးမိသွားလိမ့်မယ် "
မဟူရာ : ဟိတ် ဟိတ် မင်းမိုးရွာထဲ မအေးဖူးလား ရော့ ငါ့ထီးယူသွားလိုက်
ရှိုင်း : ခင်ဗျာ
မဟူရာ : ဘာကြောင်ကြည့်နေတာလဲ ရော့ ယူလေ နောက်တစ်နာရီလောက်ထိ မိုးတိတ်မှာမဟုတ်ဖူး ဘာလဲ မိုးရွာထဲ ဒီတိုင်းရပ်နေချင်လို့လား
ရှိုင်း : မဟုတ်ပါဖူး ကျွန်တော်ယူလိုက်ရင် ခင်ဗျား ဘယ်လိုသွားမလဲ ခင်ဗျား မိုးစိုကုန်မှာပေါ့
မဟူရာ : ငါကရတယ် ဒီနားဆို ငါ့ကျောင်းကိုရောက်ပီ မင်းအရမ်းရှည်တာပဲ ရော့ ယူထား ငါသွားပြီ
ရှိုင်း : ခဏ ...
သူ့လက်ထဲ ထီးထည့်ပေးပြီး ပြေးထွက်သွားတာကြောင့် ကျေးဇူးတင်စကားတောင် ပြောချိန်မရလိုက်ဖူး
" အင်း နောက်ကြုံမှ ပြောရတော့မှာပဲ အဖြူအစိမ်းနဲ့ဆိုတော့ သူက ဒီနားတစ်၀ိုက်က ကျောင်းသားပဲထင်တယ် "
အဲ့နေ့က တွေ့ဆုံမှုလေးကနေ မိုးရေတွေထဲက ဖြူဖြူေသးေသးေလး နှင့် ကောင်းကလေးက မဟူရာရဲ့ နှလုံးသား အနက်ရှိုင်းဆုံးနေရာတစ်ခုထိ နေရာယူနိုင်ခဲ့ကြတယ်ဆိုရင်လည်း မမှားပေ
" ဟက် သေးေသးေကွးေကွးနဲ့ ချစ်စရာလေး မင်းနဲ့ နောက်ထပ် တစ်ကြိမ်ေလာက်ေတာ့ ပြန်ဆုံချင်သေးတယ် "
YOU ARE READING
မင်းအနားမှာ....
Ужасыအကို မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် အကို သေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်