ဟိုတယ်အခန်းတစ်ခုအတွင်းမှာ လူနှစ်ယောက်ရဲ့ ရက်မက်ဆန်ဆန် အခိုးအငွေ့များနှင့်ပြည့်နှက်နေတယ်။ ကုတင်ဘေးမှာလဲ ပစ္စည်းတွေရှုပ်ပွကာ အ၀တ်တွေကလည်း ဟိုတစ်စဒီတစ်စ။ အသုံးပြုပြီးသား အကာအကွယ်တွေမှာလည်း ကြမ်းပြင်ထက် ရှုပ်ပွလို့နေသည်။
ကုတင်ဘေး မလှမ်းမကမ်းက ပြတင်းပေါက်ဘေးမှာတော့ အမျိုးသမီးတစ်ဦး လက်ထဲမှာ ဝိုင်တစ်ခွက်ကိုင်ကာ ရပ်ေနပြီး တစ်ခုခုကိုတွေးနေသည်။ ထိုအမျိုးသမီးကားတစ်ခြားသူမဟုတ်။ ဟန်နီချိုပင်ဖြစ်သည်။
*လွန်ခဲ့တဲ့သုံးနှစ်က ကိစ္စတစ်ခု ဘာများလဲ။ ငါထင်နေတဲ့ဟာများလား*
*မဖြစ်နိုင်ပါဖူး ငါသက်သေတွေအားလုံးကို လက်စဖျောက်ခဲ့ပီးပီပဲ ပြီးတော့ အမှုကလည်း သုံးနှစ်ကျော်တောင်ကြာခဲ့ပြီလေ။ တခြားအကြောင်းနေမှာပါ*
ဟန်နီချို အေတွးများစွာနှင့် ပြတင်းပေါက်အပြင်လှမ်းကြည့်စဉ်မှာပဲ ရေးချိုးခန်းဘက်မှ အပေါ်ပိုင်း ဗလာနှင့် အောက်ပိုင်းကိုသာ တပတ်ပတ်ထားတဲ့အမျိုးသားတစ်ဦးထွက်လာသည်။ ထိုအမျိုးသားက ပြတင်းပေါက်နားက ဟန်နီချိုဆီကိုသွားကာ နောက်ကနေ ခါးကိုသိုင်းဖက်လိုက်ရင်း မေးလိုက်သည်။
"မ ဘာတွေစဉ်းစားနေတာလဲ"
"ဘာရယ်မဟုတ်ပါဖူး ဟိုအကြောင်းဒီအကြောင်းပါပဲ"
"မ"
"အင်း ပြောလေ"
"မဟူရာမောင် ပြန်ရောက်နေတယ်ဆို"
တစ်ဖက်လူပြောလာတဲ့စကားေကြာင့် ဟန်နီချိုမျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်မိကာ ပြန်ပြောလိုက်သည်။
"အင်း ဟုတ်တယ်"
"မ သူ့ဆီကိုသွားသေးတယ်မလား"
"အင်း ဟိုတနေ့က အလုပ်ကိစ္စနဲ့"
"မ သူနဲ့ထပ်မပက်သပ်ရဖူးနော် ကျွန်တော်မကြိုက်ဖူး"
သူ့ကို ဟိုဟာမလုပ်နဲ့ဒါမလုပ်နဲ့နှင့် ချုပ်ချယ်ဖို့ဟန်ပြင်နေတဲ့သူကြောင့် ဟန်နီချိုစိတ်ထဲ စနိုးစနောင့်ဖြစ်သွားသော်ငြား သူမမူပိုင် ဟန်ဆောငိ အပြုံးတွေနဲ့ တစ်ဖက်လူအားမျက်နှာချင်းဆိုင်လိုက်ကာ ပြောလိုက်သည်။
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
