ဟင် မောင်ရေချိုးမပြီးသေးဖူးလားမသိဖူး
ရှိုင်း : မောင်ရေ မပြီးသေးဖူးလား အကြာကြီးမချိုးနဲ့ နေမကောင်းဖြစ်မယ်
မဟူရာ : ပြီးပါပြီ အသက်ရဲ့
ပြောပြောဆိုဆို ရေချိုးခန်းထဲကထွက်လာသူဟာ ခါးအောက်ပိုင်းကို တပတ်နဲ့ပတ်ထားပေမယ့် ခါးအထက်ကတော့ ဗလာနတ္ထိ
ကျစ်လစ်တောင့်တင်းနေတဲ့ မောင့်ခန္ဓာကိုယ်နဲ့ ချောမောတဲ့ မျက်နှာသာပေါင်းစပ်လိုက်ရ်ု မောင်ဟာ တကယ်ကို ယောက်ျားပီသသူတစ်ဦး
ဒါကြောင့်ပဲ မောင့်ကို ေန့စဥ်ေန့တုိင်း စိတ်မချဖြစ်နေရခြင်းပင် မောင့်ကို မယုံကြည်လို့မဟုတ်ပေမယ့် မောင့်ကို ဘယ်သူမှ မျက်စိနဲ့ပစ်မှားတာတောင် နဲနဲေလးမှ မကြိုက်ပေ
လက်ထဲမယ် တစ်ဘတ်တစ်ထည်ကိုင်ကာ သူ့ကိုငေးရင်း တစ်ခုခုကို တွေးနေတဲ့ ချစ်ရသူ အသက်လေးနား နားကပ်လိုက်ကာ ခပ်တိုးတိုးလေးဆိုလိုက်မိတယ်
မဟူရာ: ဒီလို ဆက်ငေးနေမယ်ဆို မောင် သမာဓိအားတွေ ထိန်းနိုင်မယ် မထင်တော့ဖူးနော်
ရှိုင်း : ဟာ မောင် အစုတ်ပလုတ်ကြီး အား အားနေ ဒါပဲတွေးနေ တော်ပြီ ရော့ ကိုယ့်ဘာသာသုတ်တော့
မဟူရာ : ဟောဗျာ မောင့်အသက်ကလည်း စိတ်ချည့်ပဲ
မဟူရာ ခန္ဓာကိုယ်ေပါ်က ရေေတွကို ကမန်းကတန်းသုတ်လိုက်ပြီး တစ်ဘတ်ကိုကိုင်ကာ ကုတင်ပေါ်မယ် ထိုင်နေတဲ့ရှိုင်းဆီသွားလိုက်တယ်
မောင်က ကုတင်အောက်မှာထိုင်လိုက်ပြီး သူ့ဆီ တစ်ဘတ်ပေးကာ ခေါင်းကြီး အတင်းထိုးပေးလာတာကြောင့်
ရှိုင်း : မောင် ဘာလုပ်တာလဲ
မဟူရာ : ခေါင်းသုတ်ပေးဦးလေ ကိုယ့်အသက်ရာ
မဟူရာ သူ့ခေါင်းကို ရေသုတ်ပေးနေတဲ့ အချစ်မျက်နှာလေးကို အောက်ကနေ တ၀ကြီးထိုင်ငေးနေမိသည်
ရှိုင်း : ဒီချိန်ကြီးမှ ခေါင်းလျှော်ထားပြန်ပြီ အအေးပတ်ပါမယ်ဆို ဘယ်တော့မှ စကားနားမထောင်ဖူး
YOU ARE READING
မင်းအနားမှာ....
Fanfictionအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
