မဟူရာ ပြန်ရောက်နေကြောင်းကို ကိုမြင့်ကိုအကြောင်းကြားပြီး သူ့အိမ်ကိုလာခဲ့ခိုင်းလိုက်တယ် လမ်းမှာ လိုအပ်တာတွေ၀ယ်လာဖို့လည်း စာရင်းသေချာပြောပြီး မှာလိုက်တယ်။
သိပ်မကြာခင်ပဲ ကိုမြင့်ရောက်လာပြီး ဒီကအလုပ်တွေကို သေချာပြန်စိစစ်လိုက်ကြတယ်။ သူတို့နှစ်ယောက် ဧည့်ခန်းထဲမှာ အချိန်အတော်ကြာပြီးနောက် အလုပ်တွေကိုလက်စသက်လိုက်ကာ
"ဒါဆို ဒီနေ့တော့ ဒီလောက်ပဲရပ်တာပေါ့ မနက်ဖြန် ကျွန်တော် company ကိုလိုက်လာမှပဲ ဟိုက စာရင်းဇယားတွေပြန်ကြည့်တော့မယ်"
"ဟုတ်ကဲ့ အကိုလေး"
သူတို့နှစ်ယောက် အလုပ်ကိစ္စေဆွးေနွးေနကြတာ အချိန်ဘယ်ေလာက်ကြာသွားသည်လည်းဆိုတာ အရှေ့က စာပွဲပေါ်မှာချထားတဲ့ ကော်ဖီနှစ်ခွက်တောင် အေးစက်ကုန်ပြီ။ သူကော်ဖီတစ်ငုံကိုသောက်လိုက်ပြီး အစောနကတည်းက သူ့ကို တကြည့်တကြည့်လုပ်နေတဲ့ ကိုမြင့်ကို မေးလိုက်သည်။
"အကို ကျွန်တော့်ကို ဘာလို့အဲ့လောက်ကြည့်နေတာလဲ"
"အာ အဲ့လောက်သိသာသွားလား"
"သိတာပေါ့ ရောက်ကတည်းကပဲကို"
"ဟဲ ဘာရယ်မဟုတ်ပါဖူးဗျာ အကိုလေးကို နှစ်ေတာ်ေတာ်ကြာ မမြင်ရတာကြာတော့ အကိုလေးပုံစံတော်တော်ပြောင်းသွားတာပဲဗျ အာ့ကြောင့်မို့ပါ"
"ကျွန်တော်က အဲ့လောက်ပြောင်းလဲသွားလို့လား"
"ဒါပေါ့ အကိုလေးရဲ့ ကျွန်တော်က အကိုလေးနဲ့အကြာကြီး အလုပ်လုပ်လာသူပါ အကိုလေး အခုပုံစံက အရင်ကထက် အနေပိုတည်သွားတယ်။ ပြီးတော့ ပိုလည်း ရင့်ကျတ်လာသလိုပဲ"
"ဒါတော့ အချိန်တွေလည်း ကြာလာပြီလေ ကျွန်တော့်အသက်လည်း ငယ်တော့တာမှမဟုတ်ပဲ ရင့်ကျတ်သင့်နေပါပြီ"
"ဟုတ်ပါတယ်ဗျာ"
"အော် ဒါနဲ့ ကျွန်တော့်တွက် အနီးကပ်ထားလို့ စိတ်ချယုံကြည်နိုင်မယ့် သူတစ်ယောက်လောက်ရှာပေးပါအုံးဗျာ။ လုပ်ငန်းပိုင်းနဲ့ပက်သက်ပြီးမဟုတ်ပဲ သူ့ကို ကျွန်တော်စုံစမ်းခိုင်းစရာတွေ တိတိကျကျ စုံစမ်းပေးနိုင်မယ့်သူမျိုး။ ကိုမြင့်ကကြ company ကအလုပ်တွေတစ်ဖက်နဲ့မို့လို့ ကျွန်တော်က အကို့လောက်စိတ်ချရတဲ့သူမျိုးကိုလိုချင်တာဗျာ"
YOU ARE READING
မင်းအနားမှာ....
Фанфикшнအသက်ငယ် မောင့်အနား တစ်သက်လုံးရှိနေရမယ်နော် #မဟူရာမောင် ငါသေဆုံးသွားထိတိုင် မောင့်အနားမှာ ဝိဉာဉ်အဖြစ် ဆက်ရှိနေမယ် #ရှိုင်းနက္ခတ်
