မင်းအနားမှာ.... ( Part 1 )

250 17 4
                                    


ကားဆရာ : ဒီက အကိုဗျ အကိုပြောတဲ့ နေရာ ရောက်ပီဗျ

မဟူရာ : အော် ဟုတ်ကဲ့

ကားပေါ်မယ် ဟိုတွေးဒီတွေးလျှောက်တွေးနေရင်းက သူမှေးခနဲ အိပ်ပျော်သွားတာ ကားဆရာ နှိုးမှပဲ နိုးတော့တယ် ‌

မဟူရာ: ကားခ ဘယ်လောက်လဲဗျ

ကားဆရာ : ငါးထောင်ပဲ ပေးပါဗျာ

မဟူရာ : ဟုတ်ကဲ့ ဒီမှာပါဗျ

ကားဆရာထွက်သွားတော့ သူမရောက်ဖြစ်တာ ကြာခဲ့ပြီဖြစ်တဲ့ အိမ်ကြီးထဲကို ၀င်ဖို့ လေးလံတဲ့ သူခြေလှမ်းတွေနဲ့ စတင် လှမ်းလိုက်သည်

အိမ်ကြီးက လူမနေတာကြာတော့ ခြုံတွေ အမှိုက်တွေ သစ်ရွက်ခြောက်တွေ နဲ့အပြည့်ဖြစ်နေတယ်

အင်းလေ သူထွက်သွားခဲ့တာပဲ သုံးနှစ်ကျော်ခဲ့ပြီပဲ သုံးနှစ်အတွင်းလဲ ဒီအိမ်ကြီးကိုပစ်ထားခဲ့တာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လေ

"အင်းးးးး နောက်နေ့ကျ အလုပ်သမားတစ်ချို့ခေါ်ပြီး ခြံပြန်ရှင်းခိုင်းအုံးမှပဲ"

( A\N မဟူရာ ဒါမှဟုတ် ရှိုင်းတို့ရဲ့ စိတ်ထဲက အတွေးကိုဖော်ပြတဲ့ခါ " °°°° " ဒါလေး သုံးပြီ၊ ရေးပါမယ်ရှင့် )

အိမ်တံခါးမကြီးအပြင်ဘက်က‌ေန ခတ်ထားတဲ့ သော့ကလည်း သံချေးတက်ပြီး ပျက်ချင်နေပြီ

" သော့အသစ်လဲ ထပ်၀ယ်ရအုံးမှာပဲ "

အိမ်တံခါးကိုဖွင့်ပြီး မဟူရာ အိမ်ထဲ ၀င်လိုက်ချင်းမှာပဲ အတိတ်က အမှတ်တရအငွေ့အသက်လေးတွေဟာ ခေါင်းထဲမှာ အစီအရီ

၀မ်းနည်းလာတဲ့စိတ်ကြောင့် ခေတ်တခဏ သူမျက်လုံးကို မှိတ်ထားလိုက်သည်

မဟူရာ : ဟူးးးးး ( သက်ပြင်းချသံပါနော် )

လှေကားဆီလျှောက်လှမ်းသွားလိုက်ပြီး တစ်ထစ်ချင်း အိမ်ပေါ်သို့တက်လာခဲ့လိုက်တယ်

အပေါ်ဆုံး လှေကားထစ်အရောက် လှေကားလက်ရန်းနားက အလှပန်းအိုးလေးတစ်ခုနှင့်အတူ ခြောက်သွေ့နေတဲ့ နှင်းဆီပန်းပင်ကလေး

ဒါဟာလည်း မမေ့နိုင်ဖွယ်အမှတ်တရတစ်ခုပင်ပါလား

အရင်လို စနစ်တကျ ပြုစုပျိုးထောင်ပေးမယ့် ဥယျာဉ်မှူးငယ်လေး မရှိတော့ပေပဲ နှင်းဆီပင်လေးကရော သူ့လိုပဲ ဥယျာဉ်မှူးလေးကို သတိရနေပေမလား

" နှင်းဆီပင်လေးတွက် ဥယျာဉ်မှုးကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရသလို

ကျွန်တော့ဘ၀အတွက်လည်း ဘ၀ရဲ့ လမ်းပြကြယ် ဥယျာဉ်မှုးတစ်ယောက်ဆုံးရှုံးခဲ့ရလေခြင်းပင် "

အစီအရီ၀င်လာတဲ့ အတွေးတွေနဲ့အတူ အတိတ်က ပုံရိပ်တွေကလည်း အမြင်အာရုံထဲ ပြန်လည် ထင်ဟပ်လာပြီးသားပင်

အောင့်သတ်လာတဲ့ ရင်ဘတ်တစ်စံုနှင့်အတူ ဝဲတက်လာတဲ့ မျက်ရည်တွေကို လျစ်လျူရှုလိုက်ပြီး အပေါ်ထပ် လျှောက်လှမ်းအတိုင်း စိတ်ထဲ ဦးတည်နေရာ အခန်းငယ်‌ေလးတစ်ခုစီကုိ ဆက်လျှောက်လှမ်းလာလိုက်သည်

မဟူရာ သူဦးတည်ရာ အခန်းငယ်လေးအရှေ့အရောက် အခန်းထဲ ၀င်ဖို့တွက် တွန့်ဆုတ်နေမိသည်

သူသာ ဒီအခန်းလေးထဲ ရောက်သွားမယ်ဆိုရင် ထိန်းထားသမျှ စိတ်တွေ အကုန်လွှတ်ချကာ ငိုကြွေးမိမယ်ဆိုတာကို သူသေချာသိနေသည်လေ

သူသိပ်နိုးခဲ့ရတဲ့ တစ်စုံတစ်ဦးရဲ့ နောက်ဆုံးတောင်းသွားခဲ့တဲ့ ကတိကို သူဘယ်တော့မှ မဖောက်ဖျက်ချင်ခဲ့

သူ့စိတ်အစုံကို အားတင်းကာ အခန်းထဲကို ၀င်လိုက်လျှင်ပဲ သူအရမ်းလွမ်းနေခဲ့တဲ့ ကိုယ်သင်းနံ့လေးကို မထင်မှတ်ပဲရလိုက်တယ်

ဘယ်ချိန်တဲက ကျနေမိမှန်းမသိတဲ့ မျက်ရည်တွေကြားကနေ မဟူရာ ပြုံးလိုက်မိတယ်

" ရာသီတွေ အလီလီပြောင်း နှစ်တွေကြာသွားတာတောင်မှ ဟိုးအရင်ကလိုပဲ အကို့ရဲ့ အခန်းလေးက အကို့ရဲ့ကိုယ်သင်းနံ့လေး စွဲကျန်နေဆဲပဲ "

မဟူရာ : လွမ်းလိုက်တာ အကိုရယ်

ရေရွတ်လိုက်အပြီးမှာ တားဆီးမရအောင် မျက်ရည်တွေ ကျလာခဲ့တယ်

🤍🤍🤍🤍

ပထမဆုံးအပိုင်းမှာတင် နင့်နေတာပဲ 😭 သဘောကျကြရဲ့လား 🖤

မင်းအနားမှာ....Where stories live. Discover now