(A/N Part (D)နဲ့ပြီးမယ်ထင်တာ မပြီးသွားဘူး။ 15ရက်နေ့ တရက်စာကျန်နေသေးတယ်😩။ One shotအနေနဲ့ နောက်ဆုံးရေးပေးတဲ့ OSဖြစ်နေတော့ Part (E)ရှိပါလိမ့်ဦးမယ်။ ဒီတပိုင်းပြီးအောင်ကို မနည်းရေးလိုက်ရတယ်🤦♀️။ စိတ်ရောလူရော downပြီး နေမကောင်းဘဲ ဇွတ်တွန်းရေးထားတာဖြစ်လို့ ဖတ်ရတဲ့အခါ လိုအပ်တာများရှိနေခဲ့ရင် ကျွန်တော်ကအားနာနာနဲ့ပဲ တောင်းပန်ချင်ပါတယ်။
ဖတ်ရှုရင်း ရသတစ်ခုခု ခံစားရရှိတယ်ဆိုရင်ကိုပဲ ကျွန်တော့်အနေနဲ့ ဖန်တီးပေးရကျိုးနပ်ပါတယ်ဗျာ။ ကျွန်တော်အချိန်ပေးခံစားပြီးတော့ ရေးသားပေးထားတာလေးကို အချိန်ပေးခံစားပြီး ဖတ်ရှုပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်က ကျေးဇူးအထူးတင်ရှိပါတယ်❄🖤❤)
× × × × × 🖤❤ × × × × ×
🏙 2024ခုနှစ် ၊ 7လပိုင်း ၊ 14ရက် ၊ တနင်္ဂနွေနေ့ ၊ မနက် 8နာရီအချိန်။
🖤🏙 ညက သွေးသားတောင်းဆိုလာမှုကို အကောင်းဆုံးဖြေလျော့ပေးပြီးတဲ့နောက်မှာတော့ အစ်ကို့ကိုခဏဖက်ရင်း အိပ်လိုက်သေးသည်။
တရေးနိုးတော့ Toiletအတူတူထသွားကြရင်း မအိပ်ခင်က ဝတ်ထားတဲ့ တီရှပ်ကပူလို့ဆိုပြီး အစ်ကိုက အဝတ်လဲခန်းထဲပြေးရင်း ကျွန်တော့်ရှပ်အင်္ကျီအဖြူတစ်ထည် သွားယူပြီးတော့ဝတ်လာတယ်။
ဘာရယ်မဟုတ် အူယားတာနဲ့ ဘောင်းဘီကရောဆိုပြီး အင်္ကျီ,မ,ကြည့်ရင်းမေးလိုက်မိလို့ လက်အရိုက်ခံလိုက်ရသေး။
ပြန်မအိပ်ခင် ကျွန်တော်မေးတာကိုတော့ ဖြေပေးသွားပါတယ်။ "Boxerပါတယ် မင်းကိုကြောက်လို့ဝတ်လာတာဆိုပဲ!"လူကိုဆွချင်ရင် ဆွချင်တယ်ပေါ့ဗျာ။
အူယားလွန်းလို့ ချိုချဥ်လုံး ငုံသလိုငုံထားလိုက်ချင်တော့တာပါပဲ။
ဟိုအရင်လို တရေးနိုးလို့ ပူလာရင် အင်္ကျီထချွတ်ပြီး အိပ်တတ်တဲ့အကျင့်လေးလည်း တဖြည်းဖြည်းပျောက်လာလို့ တော်သေးတယ် ပြောရမယ်။ "ယောကျာ်းလေးပဲ! အင်္ကျီမပါဘဲ အိပ်လည်းရပါတယ်"ဆိုတဲ့အထဲ အစ်ကို့ကိုတော့ ဖယ်ထားချင်တယ်ဗျာ့။
YOU ARE READING
🖤 ❤PS One Shot Collections & Poems (COMPLETE)
FanfictionPerth Saint One Shot Collections & Poems .... My creation for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.