Unicode >> 🖤 Count On me ❤

95 8 74
                                    

🌃  2022ခုနှစ် ၊ 12လပိုင်း ၊ 29ရက် ၊ ကြာသပ​တေး​နေ့ ၊ ည 8နာရီအချိန်။

Big ass rock band၏ Begins albumထဲမှ ปลุกใจเสือป่า / Plook Jai Seua Pah (Emboldened by the Wild Tiger >> Awaken the tiger) အမည်ရသည့် Rockသီချင်းကြမ်းကြီးသည် BMW ကားအနက်က​လေးထဲတွင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆူညံ​ပေါက်ကွဲစွာ ထွက်​ပေါ်​နေသည်။

🎼Kon rao hok lom reuang tummadah mai plaek loey
Ai kon yiap sum hai jom long din yahng nun na plaek kon🎼

(ဘဝကိုဖြတ်သန်းရင်း လဲကျတာမျိုးက လူသားတိုင်း ကြုံ​တွေ့ဖူးမယ့် ပြဿနာတစ်ခုပဲ။ ဒါဟာ လုံးဝ မထူးဆန်းပါဘူး။ ထပ်ခါတလဲလဲ ဖိနှိပ်ခံ​ရတဲ့​သူ​တွေသာ မြေကြီးထဲနစ်မြုပ်သွားမတတ် ဆက်အဖိနှိပ်ခံ​နေရတာ​က​တော့ ထူးဆန်းရလိမ့်မယ်။)

ထွက်​ပေါ်​နေတဲ့ Drum beat အသံ​တွေအတိုင်း ကားစတီယာတိုင်​အပေါ် မှာ စည်းချက်ကျကျ ရိုက်ပုတ်​ခတ်​နေသည့် လက်​ချောင်းရှည်သွယ်သွယ်​တွေရဲ့ လှုပ်ရှားမှု​ ပုံရိပ်သဲ့သဲ့က​တော့ မြင်တဲ့သူတိုင်းကို အကြည့်လွဲပစ်ချင်စရာ မရှိ​ရ​လောက်တဲ့အထိ ဖမ်းစားနိုင်လွန်းသည်။

🎼Rao pen kae kon tee koey pit plung gor meuan gun took kon
Glup dtaung dohn yiap sum jon geuap dtai🎼

(ဒီတော့ ဒါဟာ စိုးထိတ်စရာပဲ​​။ ငါတို့က အမှား​တွေ လုပ်ဖူးတဲ့လူတွေချည်းပဲ​​လေ။ လူတိုင်းလိုလို အမှား​တွေ လုပ်ခဲ့ကြဖူးတာပဲ​။ ​ငါတို့က ​ဘဝ​ရဲ့နောက်ဆုံးထွက်သက်​​ရောက်တဲ့အချိန်ထိ ဒီအမှား​တွေကိုပဲ ဆက်လုပ်သွားကြမှာ။)

🖤🌃​ လွင့်ပျံ​နေတဲ့ သီချင်းစာသား​​တွေထဲ ကျွန်​တော်တို့ Rsသက်တမ်းတစ်​လျှောက် ဖြစ်ပျက်ကြုံ​တွေခဲ့ရတဲ့ အခက်အခဲ​ပေါင်းမြှောက်မြားစွာကို ပြန်​ယှဥ်တွဲပြီး တွေးကြည့်​နေမိ​တော့ နာကျည်းမှုအပြည့်ပါသည့် ​လှောင်ရယ်သံတစ်သံသာ ထွက်ကျမိ​တော့သည်။

​ရှေ့နှစ်ရက်တုန်းကလည်း အစ်ကိုနဲ့ စကားများထားပြီး ဒီ​နေ့အထိ သိပ်မ​ပြေလည်ချင်​နေ​သေး​တော့ စိတ်ရှုတ်လာလို့ ကားခဏပတ်​မောင်း​နေတာဗျ။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now