❤Love You All My Heart🖤

84 7 26
                                    

(A/N ဒီ ❤Love you all my heart🖤 One shotထဲမှာ ကျွန်​တော်ထည့်သွင်း​ရေးသားထားသည့် တစ်ချို့​သောအ​ကြောင်းအရာများသည် PerthSaint Real lifeကို အ​ခြေခံထား​​​​တာ မှန်သော်လည်း လက်​တွေ့မှာ တကယ်ဖြစ်ပျက်ခဲ့သည်ဟု မဆိုလိုပါ။

သို့ဖြစ်ပါ၍ ဒီOne Shotထဲတွင် ​ထည့်သွင်းရေးသားထား​သော ​ဇာတ်လမ်းဇာတ်ကွက်များသည် ကျွန်​တော့် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာလျှင်ဖြစ်​ကြောင်း ​ဦးစွာပြောကြားလိုပါတယ်။​​ TG Faimlyကြီးထဲက Tg​တွေလည်း ဒီOS​လေးဖတ်ပြီးတဲ့အခါ ရသတစ်ခုခု ခံစားရရှိတယ်ဆိုရင်ကို ကျွန်​တော့်အ​နေနဲ့ ဖန်တီး​ပေးရကျိုးနပ်ပါတယ်ဗျာ။

ကျွန်​တော်အချိန်​ပေးခံစားပြီး​တော့ ​ရေးသား​ပေးထားတာ​လေးကို အချိန်​ပေးခံစားပြီး ဖတ်ရှု​ပေးကြတဲ့ စာဖတ်သူတစ်​ယောက်ချင်းစီတိုင်းကို ကျွန်​တော်က ​ကျေးဇူးအထူးတင်ရှိပါတယ်။)

2024ခုနှစ် ၊ 6လပိုင်း ၊ 1ရက် ၊ စ​နေနေ့ ၊ ည10နာရီခွဲအချိန် ၊ ဘန်​ကောက်မြို့။

❤🌃 Overseaက​နေ Bkkကို ပြန်​ရောက်​​နေပေမယ့် ဟို ငဆိုး​​ကောင်လေးဆီကို ကျွန်​တော်မသွားဖြစ်​သေးဘူးဗျ။ ဟုတ်တယ် ငဆိုး​ကောင်! Overseaသွားရခါနီး​တောင် လူကို နှုတ်ခမ်း​မွှေး​ခေါ်ရိတ် ခိုင်းချင်​နေတာ​!

အသက်၁၈​နှစ်ကျော်ပြီးကတည်းက အရွယ်ရောက်တဲ့ လူကြီးတစ်​ယောက်အဖြစ် စတင်​ပြောင်းလဲပြီဖြစ်လို့ ​​အဲ့ဒီ နှုတ်ခမ်း​မွှေးရိတ်နည်း​ ၊ မှုတ်ဆိတ်​မွှေးရိတ်နည်း အကုန်ပြောပြ​ သင်​ပေးထားတဲ့ဟာကို နှုတ်ခမ်း​မွှေး ၊ မှုတ်ဆိတ်​မွှေးရှည်လာရင် ကိုယ့်ဖာသာပဲ ရိတ်လိုက်​တော့​​​​​လေဗျာ။ ဟုတ်တယ်မလား?

အဲ့ဒီလို တစ်ကိုယ်​ရည်တကာရ ကိစ္စ​တွေကအစ အမြဲတမ်း ကျွန်​တော့်ကို အားကိုးချင်​နေလို့မှ မရ​နေတာ။ အဲ့ဒီလို​ ကျွန်​တော်က ပြောပြန်ရင်လည်း ဂရုစိုက်တာ လက်လွန်ထားမိတဲ့ ကိုယ့်ကိုကိုယ်ပဲ ပြန်အပြစ်တင်ရတာပါပဲ!

ကိုယ်က အဲ့ဒီ ငဆိုး​​လေးကို ရေ​တောင် ပိုက်နဲ့ခွံ့​တိုက်ပေးခဲ့တဲ့အထိ ဂရုစိုက်​ပေးခဲ့တာဆို​တော့လည်း သူအခုလိုဂျီကျပြီး ဆိုး​နေတာက သူ့အပြစ်ချည်း​တော့လည်း မဟုတ်​နေဘူး​ပေါ့​ဗျာ။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now