🖤You Raise Me Up❤(A)

100 8 38
                                    

🌇 2022ခုနှစ် ၊ 8လပိုင်း ၊ 3ရက် ၊ ​ဗုဒ္ဓဟူးနေ့ ၊ ည​နေ5နာရီအချိန်။

Bkk မြို့ကြီးထဲရှိ ကွန်ဒိုတိုက်ခန်းကျယ် တစ်ခန်းထဲတွင် Perth Tanapon တစ်​ယောက် Dinner Date အတွက်အခန်းတွင်းပြင်ဆင်မှု​တွေပြုလုပ်ရင်း အလုပ်ရှုတ်​နေသည်။

🖤🌇 မ​နေ့ညက​ အစ်ကို​ရော ကျွန်​တော်ပါ မတတ်နိုင်ခြင်း​တစ်ချို့အတွက် ငို​ကြွေးရင်းအိပ်စက်ခဲ့ရပေမယ့် ဒီ​နေ့ည​မှာတော့ အစ်ကို့ကို ​ပျော်ရွှင်မှု​ခံစားရင်း နဲ့ အိပ်စက်​စေချင်တာ​ကြောင့် စပရိုက်တိုက်ဖို့အတွက် ကျွန်​တော်မနက်ကတည်းက​​နေ အခုအချိန်ထိ ​လိုအပ်တာ​တွေကို တောက်​လျှောက်ပြင်ဆင်​နေရတာဗျာ့။

မနက်က အိပ်ရာနှိုးလာတော့ ညကငိုထားတဲ့အရှိန်နဲ့ စိတ်ထဲသိပ်နေလို့ အဆင်မ​ပြေဖြစ်​နေရာက​နေ ဖုန်းဖွင့်ကြည့်လိုက်ရာ အစ်ကို့ဆီက​ နှုတ်ဆက်စကား​လေးနဲ့အတူ "Happy 4 Anniversary Ae~~Kha~~~"ဆိုတဲ့ မက်​ဆေ့ကိုပါ တဆက်ထဲတွေ့လိုက်​ရ​တော့ မကြည်​မလင်ဖြစ်နေတဲ့ စိတ်​တွေက ဘယ်ဆီကိုများ လွင့်ထွက်သွားကြသလဲ မသိ။

ဒီ​(August 3ရက်​)နေ့က LBC ထုတ်လွင့်ပြသခဲ့တာ 4နှစ်တိတိပြည့်​တဲ့နေ့ဗျ!!! ဒါဆိုရင် ကျွန်​တော်တို့ နှစ်​ယောက်ဆုံ​တွေ့ခဲ့တာကလည်း ခုဆိုရင် 4နှစ်​တောင်ပြည့်ခဲ့ပြီ​ပေါ့​လေ။ အချိန်​တွေကုန်တာလည်း မြန်လိုက်တာ။

4နှစ်ပြည့်တဲ့ အမှတ်တရအ​နေနဲ့ အစ်ကို့ကို စပရိုက်တိုက်ရမယ်လို့​တွေးရင်း မနက်စာအမြန်စား​သောက်ပြီးတာနဲ့ စပရိုက်အတွက် အစီအစဥ်​တွေတန်းဆွဲပြီး​တော့ ကုန်တိုက်တစ်ချို့က​နေ လိုအပ်တာ​တွေလှမ်းမှာရတယ်​ပေါ့​လေ။ ​

မှာထားတဲ့ပစ္စည်း​တွေ လက်ထဲ​ရောက်လာတာနဲ့ ဆွဲထားတဲ့ Planအတိုင်း တစ်ခုချင်းစီ တောက်​လျှောက်အ​ကောင်အထည်​ဖော်​လာလိုက်တာ အခု​ဆိုရင် ညနေ​ခင်းအချိန်တောင်​ရောက်​သွားရပြီ။

ပြင်ဆင်ပြီးသ​​လောက်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း ပြုံးပြုံးကြီးဖြစ်​နေ​​ရသေးသည်။ ကျွန်​တော် သိပ်ချစ်ရတဲ့ အစ်ကို ပြုံး​ယောင်​က​လေးပဲ သမ်းသွားတယ်ဆိုရင်ကို ကျွန်​တော် တကယ်ကျေနပ်မိမှာပါ။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now