🖤 Century of Love ❤

110 8 6
                                    

(A/N ❤ဘွဲ့အမှတ်တရ အ​​နေနဲ့​ရေးချင်​ဇောကြီးပြီး ရာစုနှစ်​တွေ​တောင် အမှတ်မှားသွားရလို့ အားနာရပါ​ကြောင်း။ ပြန်ပြင်လိုက်ပါပြီ။ ဖတ်ရင်းသတိထားမိပြီး လာ​ပြော​ပြ​ပေးပါတဲ့ moepwintphyu6 ကိုလည်း ​ကျေးဇူးတင်ပါတယ်လို့။)

🖤 အ​မေက ကျွန်​တော့်ကို 2001ခုနှစ်မှာ မွေးခဲ့လို့ အသက်အရွယ်က​​တော့ လူငယ်တစ်​ယောက်ဖြစ်​နေပေမယ့် ကျွန်​တော့်အကြိုက်​တွေက 21ရာစုထဲက အရာမှန်သမျှ တစ်ခုမှမရှိ။ ရှိ​တော့ရှိတယ် အနည်းအကျဥ်း​မျှလောက်ပဲ။

ဒီ​​နေ့​ခေတ်သီချင်း​တွေထက် 1980က သီချင်း​ကြီးတွေကို ကျွန်​တော်ပိုကြိုက်တယ်။ ​နောက် ကျွန်​တော်ကြိုက်နှစ်သက်တဲ့ အသုံးအ​ဆောင် ပစ္စည်းbrand(တံဆိပ်)​တွေဆိုရင်လည်း 20ရာစုထဲမှာ စတင်ထုတ်လုပ်ခဲ့တာတွေကြည့်ပဲ။

(A/N 20ရာစုက 1901-2000 ခုနှစ်ထိကို 20ရာစုလို့သတ်မှတ်တယ်တဲ့ဗျ။ 2001 က​နေ 2100ခုနှစ်အထိက​တော့ 21ရာစု​ပေါ့။)

Gucci ဆိုရင် 1921မှာတည်​ထောင်တယ်။ Saint Laurent brand ဆိုရင် 1961မှာ တည်​ထောင်ခဲ့တယ်​တဲ့လေ။

သီချင်းဆိုရင်လည်း အပြင်ဘာညာသွားရင်​တော့ နားကြပ်နဲ့ နား​ထောင်​လေ့ရှိ​ပေမယ့် ဓါတ်ပြားနဲ့နား​ထောင်ရတာကို ကျွန်​တော် ပိုပြီးသ​ဘောကျတယ်။ ကြိုက်နှစ်သက်တဲ့အ​ရောင်ကလည်း အနက်​ရောင်ပဲ။

ထသွားထလာအတွက် ကား​တောင် ခု​ခေတ်ပြိုင်ကားလှလှ​လေး​တွေထက် 1990ခုနှစ်တုန်းက ထုတ်တဲ့ BMW E36အမျိုးအစားကိုပဲ ကြိုက်တယ်။

အဲ့ဒီလို 20ရာစုနှစ်ထဲက မှိုင်းညို့​နေတဲ့ အရာမျိုး​​တွေကပဲ ကျွန်​တော့် ဘဝတစ်​လျှောက်လုံးမှာ နေရာအပြည့်ယူခဲ့တယ်​ပေါ့ဗျာ။

တကယ်ကိုပဲ 20ရာစုနှစ်ကြီးတစ်ခုလုံးက မှိုင်းညို့​နေခဲ့တာလား??? ​သေချာတာက​တော့ 20ရာစုနှစ်ထဲက အလင်းတန်း​လေးတစ်ခုကို ကျွန်​တော်မ​တွေ့ခဲ့မိ​သေးတဲ့အချိန်ထိ​ မှိုင်းညို့​ကောင်း မှိုင်းညို့​နေမှာပေါ့ဗျာ~~~

ဟုတ်တယ်။ 20ရာစုနှစ် အကုန်ခါနီး​လောက်မှာ ကမ္ဘာ​မြေ​ပေါ်​ရောက်ရှိလာတဲ့ အလင်းတန်းလေးတစ်ခုရှိတယ်။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now