🖤Rewrite The Stars❤(B)

65 11 2
                                    

🏙2024ခုနှစ် ၊ 7လပိုင်း ၊ 11ရက် ၊ ကြာသပ​တေး​နေ့ ၊ မနက် 7နာရီအချိန်။

❤🏙 ညတုန်းက မနက်စာ အတူတူသွားစားမယ်ဆိုပြီး ညီ,ပြောထားတာ​ကြောင့် မနက်အ​စောထပြီး ​ရေမိုးချိုး ၊ ဖီးလိမ်းပြင်ဆင်ပြီးတာနဲ့ ဘုရားရှိခိုးကာ P'Chenအလစ် ခြံထဲက​နေ အမြန်ခိုးထွက်ခဲ့လိုက်ရပြီ။

လမ်းထဲ ညီ ရပ်​စောင့်​နေကျ​နေရာကို တစ်ချက်လှမ်းကြည့်​လိုက်တော့ ညီ့ ပြိုင်ကားအသစ်​လေးကို လှမ်းမြင်ရသည်။ ညီ့ဆီကို ခပ်သွက်သွက်​ပြေးသွားလိုက်​​တော့ ညီက ကားထဲက​နေ အပြေးထွက်လာပြီးတော့ ကြိုတယ်။

အ​ပြေးလာဖက်တဲ့ ညီ့ကို အလိုက်သင့်ပြန်ဖက်ထားရင်း မနက်စာကို ဘယ်ဆိုင်သွားစားကြမှာလဲ ​မေးရ​ပြီ။

❤ : ညီ့~ ဘာ သွားစားကြမှာလဲ??

🖤 : ​မောင်~က အချစ်~နဲ့ဆိုရင် ဘယ်ဆိုင်ဖြစ်ဖြစ်ရတယ်~~

❤ : အမ်းးး အာ့ဆိုရင် ဒီ ×××လမ်းနားက ​ကွေ့တီယိုဆိုင်​ရော??

🖤 : အချစ်~သ​ဘော~

"​အောင်မ​လေး အ​မောင် Saintsup! တူပါတယ်ဆိုပြီး ငါက လှမ်းကြည့်​နေတာ! မင်း ငါ့အလစ်ကို ရ​အောင် ထွက်သွားတယ်​ပေါ့! ​စော​စောစီးစီး အဲ့ဒါက ဘယ်တုန်း?"

၂​ယောက်သား တအံ့တသြနဲ့ နောက်ပြန်လှည့်ကြည့်လိုက်​​တော့ P'Chenတ​ယောက် တံမြက်စည်းကြမ်းကြီးကိုင်ထားရက်သားနဲ့ လှမ်းမေး​နေတာ ဖြစ်​နေသည်။

❤ : အဲ P'Chen~ ဟို....သားတို့ မနက်စာသွားစားကြမလို့....

"အင်း....​ညကပဲ သူ့အလုပ်က ကြေညာချက်ကို မင်း မြင်တယ်မလား?? ပြသနာမရှာချင်ပါနဲ့ Saintရာ...လာ...."

🖤🏙 အစ်ကိုက P'Chenအ​မေးကို ဘာမှ မတုံ့ပြန်ပဲ​ P'chenဆွဲ​ခေါ်ရာဆီပါသွားမလိုဖြစ်နေ​တော့ ကျွန်​တော့်မှာ အစ်ကို့လက်တစ်ဖက်ကို အမြန်ပြန်ဆွဲထားရင်း.....

🖤 : ဟ! ခဏ​နေပါဦး P'... ဒါ ကျွန်​တော်တို့ကိစ္စပါ....​နောက် အလုပ်နဲ့ Personalကိုလည်း ကျွန်​တော်တို့ သေချာခွဲထားကြပါတယ်။

အခုအချိန်က ကျွန်​တော်တို့ အလုပ်ချိန် မ​ရောက်​နေသေးဘူး ထင်တာပဲ!

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now