🖤❤🌟

86 10 94
                                    

ခံစားချက်​တွေ ​ရောင်းတဲ့ဆိုင်

ဟယ်လို~~ ​နေ​ကောင်းကြရဲ့လားဗျ။ ကျွန်​တော်က Binပါ။ အင်း အပြည့်အစုံဆိုရင်​တော့ Robin ​ပေါ့။အဲ့နာမည်ကို ကျွန်​တော် သခင်​ချောက​လေး​က ပေးထားတာ။

ဟုတ်တယ်ဗျ။ ကျွန်​တော်က ​ခွေးတစ်​​ကောင်။ အဲဟုတ်တယ် ကျွန်​တော်က ခင်ဗျားတို့လိုပဲ စကား​ပြောတတ်တယ်။ကျွန်​တော့်နည်း ကျွန်​တော့်ဟန်နဲ့​ပေါ့။

ဒီ​ပွဲ​​စျေးတန်းကြီးက ကျွန်​တော့်ရဲ့အိမ်ပဲ။ဘာလို့ဆို ကျွန်​တော်ငယ်ငယ်ကတည်းက ဒီမှာကြီးလာလို့။ကျွန်​တော်နဲ့ အမျိုးတူ​ခွေး​တွေ တခြား​​နေရာမှာ ကြီးရင်ကြီးကြမှာ​ပေါ့။ ကျွန်​တော်က​တော့ ကျွန်​တော်သိတတ်စအရွယ်က ဒီ​စျေးကြီးမှာ ကြီးပြင်းလာခဲ့တာ​ကြောင့် ဒီ​စျေးကြီးက ကျွန်​တော်​နေထိုင်ရာ အိမ်​ပဲ။

​စျေးကြီးက ကျွန်​တော့်အိမ်ဆို​ပေမယ့် ​ဒီစျေးကြီးကို ကျွန်​တော်မပိုင်ပါဘူး။ ဘယ်သူပိုင်သလဲလည်း ကျွန်​တော်မသိဘူး။ ဒီ​စျေးကြီးကို ကျွန်​တော်မပိုင်ဘူး။ ဒါ​ပေမယ့် ဒီ​စျေးကြီးထဲမှာ ကြီးပြင်းခဲ့ရလို့ ဒီ​စျေးကြီးရဲ့ တစိတ်တပိုင်းက ကျွန်​တော်နဲ့ သက်ဆိုင်​တယ်​ပေါ့။

ပြီး​တော့ ကျွန်​တော်သိတာထပ်ရှိ​သေးတယ်။ ကျွန်​တော် အပူအပင်မရှိ အိပ်လို့ရတဲ့​နေရာက ကျွန်​တော်ပိုင်တယ်ဆိုတာပဲ။

ကျွန်​တော်အိပ်တဲ့နေရာက​တော့ ဆိုင်​လေးတစ်ဆိုင်​ရဲ့ဘေးနားက သစ်သားပုံကြီးနားမှာ။ အဲ့ဒါကျွန်​တော်ပိုင်တဲ့​နေရာ။

မနက်​နေပွင့်လာပြီဆိုတာနဲ့ ​ဒီစျေးကြီးက လူ​ကြီးလူငယ် က​လေး အရွယ်အစုံ ​ရောင်းသူဝယ်သူ​တွေနဲ့ တ​နေကုန် စည်းကား​နေ​တော့တာပဲ။

ကျွန်​တော်​နေတဲ့​​ ဘေးနားက ဆိုင်​ပိုင်ရှင်​ကောင်​လေးက​တော့ ကျွန်​တော့်သခင်​ပေါ့။ ကျွန်​​တော့်နာမည်ကို သူ​ပေးထားတာ။ သူက ကျွန်​တော့်ကို သူစားတဲ့ထဲက​နေ မုန့်​ဖဲ့ဖဲ့ကျွေးတယ်ဗျ။ပြီး​တော့ ​နေ့ခင်းဘက်​နေပူလာရင် ကျွန်​တော့်ကို သူ့ဆိုင်ထဲဝင်ခွင့်​​ပေးတယ်။ ​နေပူ​တော့ အရိပ်ခိုရတာ​​ပေါ့။ သခင်က သ​ဘော​ကောင်းတယ်ဗျ။ သူ့ဆိုင်အရိပ်ကို ကျွန်​တော့်ကို ခိုခွင့်​ပေးတယ်။တခြားဆိုင်​ရှင်တွေလို မနှင်လွှတ်ဘူး။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now