🖤Rise like a Phoenix❤(B)

86 8 34
                                    

(A/N ဒီ Rise like a Phoenix One shot သည် 🖤❤တို့ Real life ကို အ​ခြေခံထား​တာမှန်သော်လည်း ကျွန်​တော့်ရဲ့ စိတ်ကူးယဥ်ဖန်တီးမှု တစ်ခုသက်သက်သာဖြစ်ကြောင်း ​ဦးစွာပြောကြားလိုပါတယ်။)

🌃🚘 Bkk မြို့ ၊ ည9နာရီ​ကျော်အချိန်တွင် BMW အနက်​ရောင်ကား​လေးတစ်စီးသည် ကားလမ်းမကျယ်ကြီးထက်​တွင် တရိပ်ရိပ်ပြေးလွှား​နေ​သည်။

🖤🌃🚘 အစ်ကို့အိမ်က​နေ စထွက်ပြီးလမ်းတစ်ဝက်​လောက်​ရောက်​တော့ အစ်ကို​ပြောထားတဲ့အတိုင်းပဲ P'Chenက အစ်ကို့ဆီကို ဖုန်းထပ်ဆက်လာတယ်ဗျ။

❤ : Hello P'....

"​အေး....Saint! ငါ မင်းကို အခန်းထဲမှာမတွေ့လို့.... မင်း အ​စောက​ပြော​တော့ နားပြီဆို? ဘယ်သွားနား​နေတာလဲ?"

❤ : အဟမ်း.....P'....ဟို​လေ....သား~ Perthနဲ့ အပြင်ခဏသွားမလို့..... ခဏ​နေ​လောက်ပြန်လာခဲ့မယ်~~

"ဟမ်??? Perth နဲ့!!"

❤ : ဟုတ်....

"​ နေပါဦး! မင်း Perthက မင်းကို ဘယ်အချိန်တုန်းက လာ​တွေ့သွားတာတုန်းဟ??"

❤ : အဟဲ~အ​စောက​ပဲ အိမ်ကိုလာ​ခေါ်​ပေးတာ....

"ဟမ်?? အိမ်ကို?"

❤ : ဟုတ်တယ် P'....အိမ်ကို....

"ဪ....ဒါ​ကြောင့် မင်း အ​စောတုန်းက ငါ့ကို မလိမ့်တပတ်လုပ်သွားတာကိုး!"

❤ : အဟား မတတ်သာလို့​ပြောလိုက်ရတာပါ P'ရာ....စိတ်မဆိုးပါနဲ့....သားတို့ကို ခုထက်လည်း ပိုပြီး​တော့ မဆူ​နေပါနဲ့​တော့လို့~~~

"ဟင်းးး~~ လာ​ခေါ်တဲ့သူကလာ​ခေါ်လို့ လိုက်​ချင်တဲ့သူကလည်း လိုက်တောင်သွားပြီပဲကွာ....ငါ ဆူ​​နေ​တော့​ရော ဘာထူးမှာမို့လို့လဲ?"

❤ : အဲ့ဒါ​ကြောင့် သားက​ပြော​နေတာ​ပေါ့။ တရားနဲ့​သာဖြေပါ~~ P'~~

🖤 : ခွီးးး.....

အစ်ကိုက ရုပ်တည်ကြီးနဲ့ P'Chen ကို စ​နေတာ​ကြောင့် ကျွန်​တော်လည်း မရယ်မိ​အောင်ထိန်း​နေတဲ့ကြားကကို ခွီးခနဲ ရယ်လိုက်မိ​သည်။

ရယ်မိလိုက်တာနဲ့မကာမိ အစ်ကိုက ဖုန်း​ပြော​နေရာကနေ ဇတ်ခနဲ ကျွန်​တော့်ဘက်လှည့်လာပြီး ဂျိုကြည့်ကြည့်လာတယ်။ တကယ့်နဂါးမျက်​စောင်းဗျ! ဟုတ်ပါတယ်​လေ။ ကျွန်​တော် အခုလို ဇွတ်လာလာ​ခေါ်တိုင်း အစ်ကို့မှာ P'Chenနဲ့ အခုလို စာရင်းရှင်းရတာဆိုတာ မ​ရေမတွက်နိုင်​အောင်ပါပဲ။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now