🖤Endless Love❤

626 22 11
                                    

Endless love ဆိုပြီး ပထမဦးဆုံး one shotအ​နေနဲ့ သတ်သတ်​ရေးထားတာက ကျွန်​တော် လက်ကမျဥ်းလွန်ပြီး လုံးဝဖျက်လိုက်မိလို့ ဒီOne Shot Collectionထဲပဲ ပြန်​ပေါင်းထည့်ထားလိုက်ပါ​တော့တယ်လို့🤧😭

× × × × × × × × 🖤❤ × × × × × × × ×

ဤဘဒ္ဒကမ္ဘာနဲ့သံသရာမှာ နက်ရှိုင်း​လွန်း​သော ချစ်ခြင်းတရားတစ်ခုအ​ကြောင်း​​လေးက ဒီလိုစတင်လာရတယ်🖤❤......​နွေး​ထွေးလွန်းလှတဲ့ နံနက်ခင်း​လေးတစ်ခုမှာ​ပေါ့.......

❤ကျွန်​တော်​နေထိုင်ရတဲ့ မြို့ပုံစံ​လေးကို သိပ်ချစ်ပါတယ် ​ကျေးလက်မကျမြို့မကျ​လေး​ပေါ့...

လွတ်လပ်တယ် ​အေးချမ်းတယ်... လမ်း​လေး​တွေဟာ​လည်း အ​ကွေ့အ​ကောက်​လေး​တွေနဲ့ ​ဘေးဘီဝဲယာ​တွေမှာလည်း ပန်းချီ​လေး​တွေ သစ်ပင်ပန်းမာန်​လေး​တွေနဲ့ပါ....

အဲ့ဒီ​တွေထဲကမှ ကျွန်​တော်အမြတ်နိုးဆုံးက​တော့ ကျွန်​တော်​နေထိုင်ရာအိမ်​လေးရဲ့ မလှမ်းမကမ်း လမ်း​ကွေ့​လေးက စာအုပ်ဆိုင်ကလေးပါပဲ.....

ငယ်ငယ်​လေးထဲက အ​နေ​အေးပြီး စာဖတ်တာကို ဝါသနာထုံခဲ့တဲ့ကျွန်​တော့အတွက် ဒီ​နေရာ​လေးဟာ ကျွန်​တော့်ရဲ့ တန်ဖိုးအထားရဆုံး​​နေရာ​လေးတစ်ခု​ပေါ့​လေ....

ပြီး​တော့ ကျွန်​တော့်ရဲ့နှလုံးသားကို စတင်လှုပ်ခတ်​စေနိုင်ခဲ့တာလည်း အဲ့ဒီစာအုပ်ဆိုင်ပိုင်ရှင် အကိုကြီး​ပေါ့ဗျာ တနည်းအားဖြင့် ကျွန်​တော့် crush​ပေါ့🖤....ဟီး

ကျွန်​တော် လက်ခံထားတဲ့ ချစ်ခြင်းတရားတစ်ခုမှာ မြတ်နိုးတန်ဖိုးထားပြီး နှလုံးသားကလက်ခံရင် Genderခွဲခြားစရာမလိုဘူး
လို့ထင်တာပဲ.... လူတိုင်းချစ်ခွင့်ရှိတယ်မလား​လေ....ချစ်ခြင်းတရား​တွေကြည့် လွှမ်းခြုံထားကြရင် စစ်ပွဲ​တွေဆိုတာ​တောင် ရှိမလာနိုင်ဘူးမလား....

ကျွန်​တော်အထက်တန်း​ကျောင်းသားဘဝကတည်းက အဲ့ဆိုင်​လေးကိုသွားရင်း သူ့ကို မသိ​အောင် သွားသွားငေးခဲ့ရတာပါ....
အမြဲလာ​နေကျမို့ နည်းနည်း​တော့ မှတ်မိ​နေမယ်ထင်ရတာပါပဲ​လေ...ထင်တာပါ ကျွန်​တော်စိတ်​တွေ​တော့ မဖတ်နိုင်ပါဘူး​​လေ......ကျွန်​တော်အထက်တန်းကတည်းက သူကတက္ကသိုလ်​ကျောင်းသားကြီး​​ပေါ့ ဆိုင်မှာ အမြဲစာတမ်း​တွေနဲ့ အလုပ်ရှုတ်​နေရတာကို မြင်​နေကြပါ....
သူ့ပုံစံကို ကြည့်ရင်း စာနဲ့ပတ်သတ်ရင်အ​လေးထားပုံရတာမို့ ကိုယ်လည်း စာကို​သေချာကြိုးစား​နေမိတာပါ....

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now