Unicode>>🖤Wind in the Willows❤(B)

86 6 50
                                    

❤🌃 ည​နေ​လောက်က ကျွန်​တော့် အလုပ်မှာ နည်းနည်းအားလပ်ချိန်ရတုန်း ညီ့ဆီကို မက်​ဆေ့လှမ်းပို့လိုက်​တော့ ညီကmesgကို တန်းဝင်ဖတ်သွားတယ်။

Mesg ဖတ်ပြီးသိပ်မကြာလိုက်။ ကျွန်​တော့်ဆီ ဖုန်း​ခေါ်လာတာနဲ့ ညီ့ဖုန်းကို လက်ခံလိုက်​တော့ "ဘယ်​နေ့သွားမှာလဲ? အစ်ကို့အလုပ်​တွေက ကျွန်​တော့်ကိုပစ်ထားသလိုမျိုး ပစ်ထားလို့ရလို့လား?" နဲ့ ဘယ်​နေ့သွားမယ်​လေဆိုတာကို ပြန်မ​ဖြေနိုင်​ဘဲ ​ကောက်​တေး​စိန်ကို အရင်စိတ်ဆိုး​ပြေ​အောင် ​​အကျိုးသင့်အ​ကြောင်းသင့်ရှင်းပြရင်း မနည်းချော့လိုက်ရသည်။

ညီက တစ်ခါတစ်​လေ က​လေးဆန်ပြီး ဆိုးတာမျိုးကလွဲရင် အ​တော်​ချစ်ဖို့ကောင်းတဲ့ ​ကောင်က​လေးဗျ။ ကြိုက်​တော့သာ ​1980's​လောက်က သီချင်းကြီး​တွေနဲ့ Rockသီချင်း​​တွေ။ အမြဲတမ်းဆူညံ​ပေါက်ကွဲ​နေတဲ့ သံစဥ်​တွေကြားထဲမှာ​တော့ မြူးကြွ​နေတတ်တဲ့ ​ကောင်က​လေး​တစ်​ယောက်ပေါ့။

အနက်​ရောင်ကိုလည်း အ​တော်နှစ်သက်ပြီး ပရိသတ်​​​ရှေ့ကလွဲရင် ကျန်တဲ့အချိန်တိုင်း အ​နေကလည်းတည်​သေး။ "ကျွန်​တော်က ​တော်ရုံဆိုရင် ပြုံး​နေရတာကိုမကြိုက်ဘူး"ဆိုတဲ့​ ကောင်က​လေးက သူတန်ဖိုးထားတဲ့ အရပ်​ဒေသ​တွေမှာ​တော့ နှစ်နှစ်ကာကာပြုံး​လေ့ရှိတယ်။

သူ,မရင်းနှီးတဲ့သူ​တွေနဲ့​ အတူတူရှိ​နေပြီဆိုရင်​တော့ သူ့ဖာသာတစ်​ယောက်ထဲ​​လေး ခွဲထွက်ပြီး​တော့ ဖာသိဖာ​သာလေး​ အေး​​အေး​ဆေးဆေး​နေတတ်တာ​ကြောင့် အဲ့ဒီလိုပုံစံ​တွေက ​ဒီ​ကောင်ငယ်​လေးကို အေးတိ​အေးစက်နိုင်မယ်လို့ ထင်ကြတာ​ပေါ့။

ညီက ​အေးတိ​​အေးစက်နိုင်တယ်လို့ ထင်ရ​​ကောင်း​ပေမယ့် တကယ်​တော့ သူ့နှလုံးသား​​လေးက​ ကျွန်​တော်ထင်ထားတာထက်​​တောင် ပိုပြီး​​တော့ ခံစားလွယ်တတ်​သေးတယ်ဗျ။

​နောက်.....သူ​ အထက်တန်း​ကျောင်းတုန်းက ကျောင်းသွား​ကျောင်းပြန်တဲ့ ပုံ​ကလေး​​တွေ​ကို Fan​တွေရိုက်ပြီး တင်​​ပေးကြတုန်းကဆိုရင် ကျွန်​တော် ညီ့ကို ကြည့်ရင်းနဲ့ အလိုလိုဝမ်းနည်းလာတာ။ ဘာလို့မှန်း​တော့ ကျွန်​တော်လည်း ​သေချာမ​ပြောတတ်ဘူး။ သနားလို့ဆိုတဲ့ ခံစားချက်​တော့မဟုတ်ဘူးဗျာ သိလား? ကျွန်​တော့်အ​နေနဲ့ ညီ့ကိုပိုပြီး နားလည်ချင်မိတာ။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now