🖤 Precious love ❤

375 20 0
                                    

စီးပွား​ရေး နယ်ပယ်ထဲ ​အောင်မြင်လာပြီး​နောက်ပိုင်း လုပ်ငန်း Project အသစ်​တွေနဲ့ ကျွန်​​တော်​ရော ကျွန်​တော့်က​လေးပါ ပိုပြီးပင်ပန်းလာရပြီ....

ခုဆို ​လက်ရှိနေရတဲ့​နေရာ ပတ်ဝန်းကျင်​​လေးက စိုက်ခင်း​တွေ ပန်း​ပေါင်းစုံ​တွေနဲ့ကောင်းမွန်​ပေမယ့် ​နေ့တိုင်းကျင်လည်​​နေရတဲ့ ကန့်သတ်ဇုန်​လေးတစ်ခုထဲလိုဖြစ်​နေ​တော့ အနည်းနဲ့အများ မွန်းကြပ်လာရတာပဲ​​လေ.....

ဒီထပ်တိုးထားတဲ့ အလုပ်ဝန်​တွေ​ကြောင့် ကျွန်​တော့်ကလေးနဲ့ ခရီး​တိုလိုမျိုးတောင်မထွက်ဖြစ်​နိုင်တဲ့ အ​ခြေအ​နေထိ​ရောက်​နေရသည်ပင်... သူဖြစ်ချင်တာမှန်သမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ထုတ်မ​ပြောတတ်တဲ့ ကျွန်​တော့်ချစ်ရ​သော ကျွန်​တော့်အသက်​လေးပါ.... သူ့စိတ်ထဲလဲ ခု ကျွန်​တော့လိုပဲ ခံစား​နေရမယ်ဆိုတာ ခံစား​နေမိပါတယ်....နှလုံးသားချင်းထပ်တူကျ​နေတာ​မလား​လေ......

ဘယ်​လောက်ပင်ပန်းပင်ပန်း ကိုကိုသာ ပြုံး​နေ​ပေး ပင်ပန်းတာအကုန်​ပျောက်ပါတယ်လို့ ​အိပ်ရာဝင်ချိန်တိုင်း ပြောတာ​လေး....
ကျွန်​တော်သိပ်ချစ်ရပါတယ်ဗျာ....
လွှတ်လပ်မှု​လေး တဒင်္ဂ​တော့ သူ့ကို ဖန်တီး​ပေးချင်ပါတယ်....

ခုလည်း အလုပ်ထဲ​ခေါင်းစိုက်​နေတဲ့ ကျွန်​တော့်ဖို့ Americano တစ်ခွက်အ​ပြေး​ဖျော်ပြီး ခြံထဲက ကိစ္စ​တွေ သူပဲသွားကြီးကြပ်​ပေးမယ်ဆိုကာ ခြံထဲဆင်းသွားပြန်ပြီ.....
သက်ပြင်း​မော​တွေနဲ့သာ ရင်ထဲမှ မွတ်သိပ်စွာ ထွက်ဆိုရပြန်ပြီ​လေ....

🖤 : တ​နေ့​တော့ ရ​အောင် ဖန်တီး​ပေးပါ့မယ်က​လေးရယ်...

စိတ်​မောခြင်းများစွာနဲ့ စိတ်​ထောင်းကိုယ်​ကြေဆိုသလို လူက ​ကော်ဖီ​သောက်ထားသည်ကိုပင် လှုပ်ကိုမလှုပ်နိုင်ချင်​တော့ အခန်းပြန်နားမှ သက်သာမယ်ထင်တာနဲ့ လုပ်လက်စအလုပ်​တွေခဏရပ်ပစ်ပြီး ကျွန်​တော့်တို့အခန်းဆီသို့ ဦးတည်ကာ အိပ်စက်ခြင်းထဲ တိုးဝင်လိုက်မိတော့သည်....

ခဏ​တော့ နားခွင့်ပြုပါဦး ဘဝဝန်​တို့ရာ....

~♡~♡~♡ ~ ~♡~♡~♡~

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now