🖤 Bkk to Trat ❤ (C)

95 11 136
                                    

🖤🏡🌠 အခန်းထဲ​ပြန်​ရောက်တာနဲ့ အစ်ကို့ ဖုန်းက မက်​ဆေ့ဆက်တိုက်ဝင်​နေသံကို ကြား​နေရပြီး အစ်ကိုကလည်း ​တောက်​လျှောက်ဝင်​နေသမျှ မက်​ဆေ့​တွေကို ​မွေ့ယာ​ပေါ်မှာ ပြုံးပြုံးကြီးနဲ့ ထိုင်ဖတ်လို့။ ဘယ်သူပို့​နေတာမို့လို့ အာ့​လောက်ပြုံး​နေရတာတုန်း???

သိချင်စိတ်​တွေ တအားကြီးစိုးလာရင်း တစ်​ယောက်ထဲ​နေမရထိုင်မရဖြစ်လာတာ​ကြောင့် စာကြည့်စားပွဲနားရပ်​နေရာက​နေ အစ်ကို့ဆီကို ခပ်ဖြည်းဖြည်းချင်း ချင်းကပ်သွားလိုက်မိသည်။

အစ်ကိုထိုင်​နေတဲ့​နေရာနဲ့ 2​ပေအကွာလောက်က​နေ လည်ပင်းကို သစ်ကုလားအုတ်အသွင်ဆန့်ထုတ်ထားရင်း လှမ်းဖတ်ကြည့်​လိုက်တော့ မက်​​ဆေ့ပို့​​နေတဲ့ သူကို သိပ်မမြင်ရ။

📲 : I love you more than anyone could.....

(ငါမင်းကို တခြားလူ​တွေအားလုံးထက် ပိုချစ်နိုင်တယ်)

ဆိုတဲ့ စာတ​စ်ကြောင်းကိုလည်း မြင်လိုက်မိ​​ရော ကျွန်​တော်လည်း အသိစိတ်ကင်းမဲ့သွားတဲ့လူတစ်​ယောက်လို အစ်ကို့လက်ထဲက ဖုန်းကို ရုတ်တရက် ဆတ်ခနဲဆွဲလုယူလိုက်​တော့ အစ်ကိုက "Perth! ဘာလုပ်တာလဲ? အစ်ကို စကား​ပြော​နေတာ မပြီး​သေးဘူး" ​လို့ တစ်ခွန်းပြောရင်းနဲ့ ကျွန်​တော့်လက်ထဲက ဖုန်းကို ပြန်လိုက်လုသည်။

🖤 : ကျွန်​တော့်ကို အရင်ဖတ်ခွင့်​ပေး!!

❤ : ကျစ်! ခဏ​လေးလို့ ညီရ!

🖤 : ကျွန်​တော့်ကို အရင်ဖတ်ခွင့်​ပေးလို့ ​ပြော​နေတယ်​လေဗျာ!!!!

❤ : ​နေဦးလို့....အခု​ အစ်ကိုကပြောလက်စကြီး ဖြစ်​နေလို့....

🖤 : ဒါဆိုရင် အဲ့ဒီတစ်​ယောက်နဲ့ အခု အစ်ကိုက ဘာ​တွေ​ပြော​​နေကြတာလဲ?

❤ : ဟင်?

🖤 : သူပို့တာ​တွေ ဖတ်ပြီး အစ်ကိုက ပြုံး​နေလို့​​လေ.....စာ ဘယ်သူပို့​​နေတာလဲလို့??

❤ : ဪ....ညီ သိတဲ့သူပဲ.....

Ting~ 📲

🖤 : ဟမ်? ကျွန်​​တော်သိတဲ့သူ? ဘာလဲ?? ဟို​ အစ်ကိုနဲ့ ဇာတ်ကားအတူတူတွဲရိုက်​နေတဲ့ တစ်​ယောက်ပဲလား?

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now