🖤 Timeless Love ❤

453 31 14
                                    

ဆည်းဆာချိန်ရဲ့ အလှတရား၌ ရနံ့မျိုးစုံဖြင့် သင်းပျံ့​နေ​သော ပန်းပင်လယ်ကြီးတွင် ​ပြေးလွှား​နေကြတဲ့ ပုံရိပ်​လေး၂​ခု..........

🖤 🖤 🖤

ပန်း​တွေကြားထဲမှ ဖြတ်လမ်းကနေ အမိအရ ပြေးဖမ်းကာ ​ပွေ့ချီ ​မြောက်ရမ်းလိုက်​တော့ ထွက်ကျလာတဲ့ ဂီတသံစဥ်သဖွယ် သူ့ရယ်သံ​လေး ချိုချို​လေး​တွေ....

🖤 : ​ပျော်လား က​လေး....

❤ : KHARP...... Love you na~

Kharp​နောက်တွင် တွဲ​ပြောလိုက်​​သော တိုးဖွဖွအသံ​လေးကို ကျွန်​တော်နားနဲ့သဲ့သဲ့မျှကြားလိုက်​သော်လည်း စချင်စိတ်ဖြင့်...

🖤 : က​လေး ဘာ​ပြောလိုက်တာလဲ ကိုကိုမကြားလိုက်ဘူး

❤ : အာ ဘာမှမ​ပြောဘူး... ​ပျော်လားဆို ​ပျော်တယ်လို့​ပြောတာ...

🖤 : ဟင် ကို့က​လေး ထုတ်လိုက်တဲ့ dictionaryလား

❤ : ဟာဗျာ ဘာ​တွေ​ပြော​နေတာတုန်း ခင်ဗျားရဲ့

🖤 : က​လေး​ပဲပြောတာ​လေ Love you က ​ပျော်တယ်​လို့​ ပြောတာလား​လို့​

❤ : မသိဘူးဗျာ ကြားတာကို ထပ်​မေး​နေတာကို

🖤 : ချစ်လို့​ပေါ့ က​လေးရဲ့ ကိုကိုကြားချင်တာ အပြစ်လား​ပြောပါဦး ဟင်...
မျက်နှာငယ်နဲ့ သူ့ပုခုံး​ပေါ် မှီရင်း ချွဲနွဲ့​ပြော​တော့ သူ့မျက်နှာ​လေး ပတ္တမြား​သွေး​ရောင်ထပြီ​လေ...

❤ : ​ကော်ဖီ​ခဲကြီးဆီက ထွက်တဲ့ အသံ​တွေလိုမ​ပြောရဘူး အ​​တော်ချိုတယ်ဗျာ...ခင်ဗျားကြီး အား​နေခုလိုပဲ...ချွဲ....သိလား....
ကျွန်​တော်နှလုံးသားကလည်း နဂိုတည်းကမှ ​ခင်ဗျားချစ်ခြင်းတရား​တွေထဲ ​ပျော်ဝင်ပြီးသားပါဗျ...

သူ့နှလုံးသား​လေးရှိရာကို ​ဖော့​ဖ​​ယောင်းသွယ် လက်​​ချောင်း​လေး​​တွေနဲ့ ညွှန်ရင်း ​ပြော​နေလိုက်တာများ ကျွန်​တော့က​လေးက​လေ အော်ပရာတင်ဆက်သူကြ​နေတာ အဟုတ်... စိတ်မထိန်းနိုင်​တော့တဲ့အဆုံး ရင်ခွင်ထဲဆတ်ခနဲ ဆွဲ​ပွေ့လိုက်ရင်း....

🖤 : အား.....ချစ်တယ်ကွာ ​ ဒီနှုတ်ခမ်းဖူး​လေးက​နေ ပေါက်​​ပေါက်​ဖောက်​နေလည်းချစ်တယ်... စိတ်​ကောက်တဲ့အခါ နှင်းဆီဖူး​လေးလို ဆူထားလည်း ချစ်တယ်.....

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now