🖤White Affection❤

261 27 2
                                    

At 2018 December 31🗓

အရုပ်ဆိုင်ကြီးတစ်ခု အတွင်းမှ ပျံ့လွင့်​နေ​သော စကားဝိုင်း​လေးတစ်ခု.....

🧓: လူက​လေး နှစ်သစ်ကူး လက်​​ဆောင်​ပေးဖို့အတွက် လိုက်ကြည့်​နေတာလား?

❤ : အာ အဖိုး မဟုတ်ပါဘူး ကျွန်​တော်ကဒီတိုင်း ဒီလို လက်မှုပစ္စည်း​​​လေးတွေနဲ့ အရုပ်​လေး​တွေဆို သ​ဘောကျတတ်လို့လာကြည့်​နေတာပါ.....

🧓 : ​​​​အေးကွယ် ခုလိုလက်မှုပညာ​တွေကိုတန်ဖိုးထားတတ်တဲ့ လူငယ်​လေး​တွေကို မြင်ရတာ အဖိုး ဘယ်လို​ပျော်မှန်းမသိဘူး....
ကဲကဲ ခုအဖိုး ဒီကလူ​လေးကို ခင်လို့ လက်​ဆောင်​လေးတစ်ခု​ပေးမယ် လာ

အံကန့်​လေးထဲက ချိုးဖြူငှက်ရုပ်​လေး၂​ကောင်ကိုကျွန်​တော့်လက်ထဲလာထည့်တယ်​လေ....

❤ : အဖိုး... ဒါ​လေးက?

🧓 : သူ့အဓိပ္ပါယ်​လေးက ​လေးနက်တယ်လူ​လေးရဲ့ ... လူ​လေးဆီမှာ၁ခုသိမ်းထား
ကျန်တဲ့၁ခုကို လူ​လေးဘဝမှာ မြတ်နိုးတန်ဖိုးထားရတဲ့သူတစ်​ယောက်ကို​တွေ့တဲ့အခါကျ ​​ပေးလိုက်​လေ
ဒီ​အရုပ်​လေး၂ခုအတွင်း ဖြစ်တည်တဲ့ နှောင်ကြိုး​လေးက ထာဝရမြဲ​နေမှာ​....

❤ : ​ကျေးဇူးတင်ပါတယ်​နော် အဖိုး ကျွန်​တော်​သေချာသိမ်းထားပါ့မယ်.... ​
Happy New year ​နော် အဖိုး ​ပျော်ရွှင်စရာနှစ်သစ်​လေးဖြစ်ပါ​စေ​နော်

🧓 : ​​အေးကွယ် Happy New Year ​ပျော်ရွှင်စရာနှစ်သစ်​လေး ဖြစ်ပါ​စေ လူ​လေး​ရေ...

ကျွန်​တော်လည်း ဆိုင်ရှင်အဖိုး​ပြောပြတဲ့ အဓိပ္ပါယ်​လေးကို ​တွေးရင်း ထိုအရုပ်​လေးအား သိမ်းထားမိ​လိုက်တော့သည်.......

🖤 ❤

​အေးချမ်းလှ​​သော Church⛪ ​ကျောင်းဝန်း​လေး တ​စ်နေရာမှ ချိုမြိန်စွာပျံ့လွန့်​နေတဲ့ဂီတာသံစဥ်​လေးနဲ့အတူ🖤ထွက်​ပေါ်​နေ​သော က​လေး​တွေရဲ့ သီချင်းဆိုသံ​လေး​​တွေ.....

ထိုမြင်ကွင်း​လေးအား ​ငေးကြည့်​နေ​သော ဖြူလွှလွှ​ကောင်​လေးတစ်​ယောက်❤

ကိုယ့်အနားကို Sister Mary လာ​ခေါ်မှ ပြန်သတိဝင်လိုက်ရင်း ဝတ်ပြုဆု​တောင်းရာ​နေရာသို့ လှမ်းသွားမိတော့သည်....

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now