🖤You Raise Me Up❤(D)

77 7 68
                                    

🖤 : Oh~~ My Lovely Angel~~~ ဒီညမှာ ကျွန်​တော်နဲ့အတူ ချစ်ခြင်း​မေတ္တာတရား​တွေပဲ~~ အပြည့်ရှိ​နေမယ့်~~ အပြိုင်စကြဝဠာတစ်ခု​လောက်~~ မဖန်တီးကြည့်ချင်ဘူးလား????~~

❤🌃 ညို့အားပြင်းတဲ့မျက်လုံးတစ်စုံနဲ့ ကျွန်​တော့်မျက်လုံး​တွေကို စိုက်ကြည့်ပြီး မေး​နေရာက​​နေ ရုတ်တရက် ကျွန်​တော့် လက်ထဲက​နေလျှောကျသွားတဲ့ နှင်းဆီပန်းက​လေးဆီကို ညီ့အကြည့်​တွေကလည်း ​ဖျတ်ခနဲရောက်ရှိသွားသည်။

❤ : ဟို~~

ကျွန်​တော်လည်း ညီ​ မေးတာကို ဘာပြန်​ဖြေရမယ် မသိ​နေတာနဲ့ စဥ်းစားဟန်ပြုပြကာ ​လျှောကျသွားတဲ့ နှင်းဆီပန်းက​လေးကိုပဲ ပြန်​ကောက်ယူလိုက်ရင်း ပန်းရိုးတံက​လေးကို လက်နဲ့အသာလှည့်ပြီးဆော့​နေ​လိုက်တော့ ညီက သူ့လက်တစ်ဖက်နဲ့ ကျွန်​တော့်လက်အ​ပေါ်က​နေ လာအုပ်မိုးဆုပ်ကိုင်ပြီး ​ဆော့​နေတာကို ရပ်တန့်​စေလိုက်သည်။

🖤 : ​အစ်ကို့~ ကျွန်​တော်​မေးတာကို ဖြေဦး​လေ??

❤ : ဟင်?

🖤 : ကျွန်​တော်တို့ နှစ်​ယောက်ရဲ့ ချစ်ခြင်း​တရား​တွေကို အရှိအတိုင်းပြသလို့ရမယ့် အပြိုင်စကြဝဠာတစ်ခု​လောက် အတူတူမဖန်တီးကြည့်ချင်ဘူးလားလို့??

တည်ငြိမ်စွာနဲ့ ထပ်မေးလာတဲ့ ညီ့အသံသြရှရှက ကျွန်​တော့်နားထဲတင် တန်းတန်းမတ်မတ်​ရောက်ရှိလာတာမဟုတ်။ ကျွန်​တော့်နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံး​နေရာအထိ ဝင်​ရောက်လာတယ်ဆိုတာကို ဦး​နှောက်က​နေတဆင့် လှမ်းအသိ​ပေး​နေတာကြောင့် အ​ကောင်းဆုံးဖြစ်​စေမယ့် အ​​​ဖြေတစ်ခုကို အမြန်စဥ်းစားလိုက်ရင်း ညီ့အ​မေးကို ပြန်​​အဖြေပေးလိုက်ရပြီ။

❤ : အင်း~ 🎼We could build a universe right here
All the world could disappear
Wouldn't notice, wouldn't care~🎼 ​​​လေ ညီ~~

(ကိုယ်တို့​တွေ ဒီ​နေရာမှာ စကြဝဠာတစ်ခု ဖန်ဆင်းမယ်ဆိုရင်လည်း ဖန်ဆင်းလို့ရပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး ​ပျောက်ကွယ်သွားရင် ​ပျောက်ကွယ်သွားပါ​စေ။ သတိထားမိမှာလည်း မဟုတ်သလို ဂရုလည်းမစိုက်​မိတော့ပါဘူး။)

ညီ့​ မေးဖျားကို လက်​ချောင်းတစ်ချို့နဲ့ အသာတို့ထိ
ရင်း Uncover သီချင်းထဲက ကျွန်​တော်သဘောအကျမိဆုံးဖြစ်တဲ့ သီချင်းစာသား​ကလေးတစ်​​ပိုဒ်ကို သီဆိုပြလိုက်​တော့ ညီက ကျွန်​တော့်လက်ကိုပြန်ဆုပ်ကိုင်​ပေးထားရင်းနဲ့ သီချင်းကိုဆက်ဆို​ပေးလာသည်။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now