Unicode>> 🖤You Raise Me Up❤(C)

88 7 44
                                    

🖤🌃 "ကြယ်​တွေ အတူတူရေတွက်ကြည့်ချင်သလား?"လို့ အစ်ကိုက စ​မေးလိုက်​တော့ ကျွန်​တော့်ရဲ့ ကျန်​ရှိ​နေ​​သေးတဲ့ စပရိုက်အစီအစဥ်က အလိုလိုထ​မြောက်သွားရသည်။

မဟုတ်ရင် ကျွန်​တော် အစ်ကို့ကို အဲ့ဒီ စပရိုက်ကျန်ရှိ​​နေသေးတဲ့အိပ်ခန်းထဲ ဘယ်လို​ခေါ်သွင်းရမှန်း သိ​မနေတာ​ကြောင့်​ အ​တော်​လေးထိုင်စဥ်းစား​နေရဦးမယ်​။

ကွန်ဒိုရဲ့ အိပ်ခန်းနဲ့ဝရန်တာက တစ်ဆက်ထဲဆောက်လုပ်ထားတာဖြစ်လို့ အိပ်ခန်းထဲက​နေတဆင့် ဝရန်ဘက်ကို ထွက်ထိုင်ချင်ရင်လည်းထိုင်လို့ရတယ်​​ဗျ။

ကွန်ဒိုရဲ့ ​အနောက်ဘက်မှာက​ ရပ်ဆိုင်းထားတဲ့ ဆောက်လက်စအ​ဆောက်အဦးကြီးပဲရှိ​တာဆိုတော့ ညဘက်​တွေမှာ ပတ်ဝန်းကျင်​က တအားဆူညံ​နေတာ​မျိုးမရှိ​​။ ​​နောက် ကွန်ဒိုကလည်း ကားလမ်းမကြီးရဲ့ အတွင်းဘက်ကျနေတာ​ကြောင့်ပါ,ပါလိမ့်မယ်။

အဲ့ဒီလို ပတ်ဝန်းကျင်က တိတ်တိတ်ဆိတ်ဆိတ်ရှိ​တော့ ကျွန်​တော့်လို ​အေး​အေး​ဆေး​ဆေး​နေရတာကိုပဲ ကြိုက်နှစ်သက်တတ်တဲ့သူတစ်​ယောက်အတွက် ဒီကွန်ဒိုမှာနေရတဲ့အချိန်​တွေက စိတ်သက်​​တောင့်သက်သာပိုရှိရတယ်​ဆိုပါ​တော့ဗျာ။

ဝရန်တာအကျယ်ကလည်း Tent(ရွက်ဖျင်တဲ။မိုးကာတဲ။တဲရှင်။)တစ်လုံး​ ကောင်း​ကောင်းထိုးထားလို့ ရ​လောက်တဲ့အကျယ်အဝန်းရှိ​တော့ ကျွန်​​တော် တစ်ခါတစ်​လေ ညဘက်အခန်းထဲ​နေရတာ မွန်းကြပ်လာတာမျိုးရှိရင် ဝရန်တာဘက်မှာ ထိုးထားတဲ့Tendထဲ စိတ်လွတ်ကိုယ်လွတ် ခဏသွားသွားထိုင်​​လေ့ရှိတယ်ဗျ။

စိတ်အ​ခြေအ​နေ​ပေါ် မူတည်ပြီး ဂစ်တာထွက်တီးချင်ရင်လည်း ထွက်တီးပစ်လိုက်တဲ့အခါ​တွေ​တောင်ရှိ​သေးတယ်။

(A/N အူတက်!! ​တကယ်လို့ အပြင်မှာပါ အဲ့လိုဖြစ်ရင် နင့်🖤ဘေးအခန်းကပ်ရပ်က လူ​တွေ​က နင့်ကို အ​တော်​မေတ္တာပို့ကြမှာဟယ်😆😆✋အပြင်မှာ​တော့ သူ့စတူဒီယိုထဲနဲ့ အခန်းထဲတင် ​သောင်းကြမ်းလို့​ တော်ပါ​သေး!!!)

တစ်ခါတစ်​လေဆိုရင် ကျွန်​တော်ဂစ်တာထွက်တီးရင်းနဲ့ အဲ့ဒီTentထဲမှာတင် အိပ်​ပျော်သွားမိတဲ့​နေ့​တွေ​တောင်ရှိ​သေးတယ်ဗျ။

အစ်ကို့လက်​ကလေးကို အ​စောက လက်​ဖဝါးချင်းအပ်ပြီး ဆုပ်ကိုင်ထားရက်ကလေးအတိုင်း အိပ်ခန်းရှိရာဆီကို ဆွဲ​ခေါ်လာလိုက်​တော့ အစ်ကိုက ကျွန်​တော်​ခေါ်တဲ့​နောက်ကို မလှုပ်မယှက်က​လေး လိုက်ပါလာ​ပေးသည်။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now