🖤 Heart ☕🎸📖 beat❤

262 28 6
                                    

❄ဒီ သံစဥ်​လေးနဲ့ နား​ထောင်ရင်း ဖတ်ရင် ပိုရုပ်လုံး​ပေါ်မယ်လို့ ထင်ပါတယ်.....

❤ည​နေတိုင်း ကျွန်​တော် မပျက်မကွက် လုပ်​နေကြ အလုပ်တစ်ခု ရှိတယ်။ ကျွန်​​တော်နေတဲ့ တစ်ထပ်အိမ်​လေးနဲ့ မျက်​စောင်းထိုး ​နေရာ​လောက်က မကြီးမ​သေး ​ကော်ဖီဆိုင်​လေးထဲ သွားထိုင်တတ်တဲ့ အလုပ်​ပေါ့။

သူ့ဆိုင်​လေးက ​အေးချမ်း တိတ်ဆိတ်လွန်းတယ်။ နီ​ဆွေး​ဆွေးအုတ်ခဲ အ​ရောင်​တွေက ဆိုင်ပတ်ပတ်လည်မှာ ခြံရံ​ထားပြီး Starry Cafe ဆိုတဲ့ ​ဆေးအနက်​ရောင်နဲ့​ရေးထားတဲ့ ဆိုင်နာမည် ပန်းစာလုံး​က ဆိုင်ရဲ့ ညာဖက်ခြမ်းမှာ အမြဲတ​စေ​ ​နေရာယူထားတာကို တ​နေ့တစ်ခါ လာတိုင်း အကြည့်​တွေ​က ရောက်ကို​ရောက်သွားရတာမျိုး။

အနက်နဲ့အနီ​ ပေါင်းစပ်ထားမှုက မျက်လုံးထဲမှာ လိုက်ဖက်တာထက်ပိုလို့ ဘယ်လိုမှ ဖယ်ထုတ်ကြည့်လို့ကို မရတာပါ။

ဆိုင်အတွင်းမှာ မီးအဝါ​လေးတစ်ချို့နဲ့ အပြင်အဆင် ခပ်နည်းနည်းပဲရှိတာကိုက ကျွန်​တော့်အတွက်​တော့ သိပ်ကို ပြည့်စုံ​နေရတာမျိုးပဲ။

ဂစ်တာက ကြိုး၆​ချောင်းကို လက်​ချောင်းရှည်တွေနဲ့ အလှည့်ကျ တီးခတ်တဲ့ အစ်ကို့ ပုံစံက ညို့အား တကယ်ပြင်းတယ်။

တီးခတ်​နေတဲ့ စာသားမဲ့ သံစဥ်​လှိုင်း​တွေက မနီးမ​ဝေးမှာထိုင်​​နေတဲ့ ကျွန်​တော့် နှလုံးသားတစ်ခုလုံးကို လာရစ်ပတ်တဲ့အခါ ​ခန္ဓာကိုယ်ထဲ စီး​နေတဲ့ သွေး​ကြော​တွေကအစ ခုန်ကြတာကို သတိထားမိတိုင်း ​သောက်လက်စ ​နှပ်ကော်ဖီ​တွေသီးရပြီး အမည်မသိ ရင်တုန်ရခြင်း​တွေကလည်း စက္ကန့်တိုင်းမှာ လွှမ်းရတာပါပဲ။

ကမ္ဘာ​ပေါ်က ကော်ဖီ​​​စေ့တွေထဲမှာပါတဲ့ ကဖင်းဓါတ်​တွေက အစ်ကိုဖျော်​ပေးတဲ့အခါ ပို​ပြီး ပမာဏများများ ပျော်ဝင်သွားတာ​ကြောင့်များလားဆိုတဲ့ အ​တွေး​တွေကလည်း ကစဥ့်ကလျားနဲ့။

ကော်ဖီ​ဖျော်တဲ့ လက်တစ်စုံဆီက သံစဥ်​တွေ ထွက်ကြလာတာကိုက သိပ်ဂန္တဝင်ဆန်လွန်းတာ ခင်ဗျားတို့ နားဆင်ကြည့်ဖူးမယ်ဆိုရင် ကျွန်​တော့်ခံစားချက်ကို နားလည်လိမ့်မယ်။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now