ep 4

510 38 38
                                        

ထယ်ယောင်းကောင်လေးနဲ့စကားပြောပြီး ခဏအကြာမှာကောင်လေးကအချိန်ပြည့်တော့မှာမို့ သူအိမ်ထဲ ပြန်ဝင်တော့မည်ဟုဆိုလာတာကြောင့် ထယ်ယောင်းလဲကောင်လေးနဲ့အတူ ထိုနေရာကထလာကာ သူ့ရဲ့အခန်းဆောင်ဘက်က်ို ပြန်လာလိုက်သည်

အိပ်ခန်းထဲရောက်တော့ ညနေ ၅ နာရီပင်ထိုးနေပြီမို့ ရေမိုးချိုးကာ အဝတ်စားလဲလိုက်ပြီး အလုပ်မရှိတာနဲ့ ဂျွန့်ရဲ့အကြောင်းတွေရေးထားတဲ့ စာရွက်တွေကိုလှန်လောပြီးဖတ်နေလိုက်သည်

ဂျွန့်ရဲ့တနေ့တာဟာ အလွန်ပျင်းစရာကောင်းလောက်အောင်ပါဘဲ မနက်မိုးလင်းနိုးတာနဲ့ကျောင်းသွားမို့ပြင်ဆင်ပြီးကျောင်းသွားရသည် ပြီးရင်ကျောင်းကပြန်လာတာနဲ့ နာရီဝက်နားပြီးရင် ကျူရှင်သင်မဲ့ဆရာလာတာမို့ စာပြန်လုပ်ရပြန်သည် ကျူရှင်ဆရာပြန်သွားရင် ညမိုးချုပ်နေပြီ အဲ့အခါသူ့အမေပြန်လာရင် ညစာအတူစားပြီး သူ့အမေနဲ့အတူ tv ကြည့်ချင်ကြည့်လို့ရအောင် နားချိန် နှစ်နာရီပေးထားသည်

ပြီးတာနဲ့ ည၁၀ နာရီဆိုအိပ်ချိန်ပြန်ရောက်သွားသည် တကယ်ကိုပျင်းစရာကောင်းတဲ့ဘဝကြီး တနေကုန်စာစာနဲ့ ဒီကောင်လေးမှာနားချိန်ရယ်လို့ရေရေရာရာမရှိ ရတဲ့နားချိန်ကိုလဲ သူများကလေးတွေလို ဂိမ်းဆေးတာမျိုးတွေဘာတွေမလုပ်ရဘူးတဲ့ သနားပါတယ်

စိတ်ချကောင်လေး မင်းကိုကိုယ်က အဲ့ပုံစံခွက်ထဲကနေဆွဲထုတ်ပြီး မင်းရဲ့အကျင့်တွေအားလုံးကိုပြင်ပေးမှာ သူ့ရဲ့ပုံစံခွက်ထဲကနေ မင်းတဖြည်းဖြည်း လွတ်ထွက်နေတာကိုမင်းအမေ သေချာကြီးထိုင်ကြည့်နေစေရမယ်

ကောင်လေးနဲ့အတည့်တဲ့အစားစာတွေက ပုစွန်နဲ့ ရေဘဝဲ တဲ့အဲ့ဒါတွေစားရင်ကောင်လေးက အလက်ဂျစ်ဖြစ်ပြီး သတိမေ့မျောတဲ့အထိဖြစ်တယ်တဲ့ ဒါကိုတော့ထယ်ယောင်းသေချာမှတ်ထားရပေမည် သူ့ရဲ့သားကောင်ကို လွယ်လွယ်နဲ့အထိခိုက်ခံလို့မဖြစ် တစ်ခုခုကြောင့်ထိခိုက်ရမယ်ဆိုရင်တောင် အဲ့ဒါဟာထယ်ယောင်းကြောင့်ဘဲ ဖြစ်ရမယ်

ဒီကောင်လေးကိုနာကျင်အောင်လုပ်မဲ့တစ်ခြားဘယ်အရာမှ ထယ်ယောင်းခွင့်ပြုမှာမဟုတ် သူစောင့်ရှောက်ပေးနေတဲ့ကာလပတ်လုံး ကောင်လေးဟာသူ့ကြောင့်ကလွဲရင် ဘယ်သူ့ကြောင့်မှထိခိုက်ဒဏ်ရာမရစေရဘူး

The Bodyguard(Complete) Where stories live. Discover now