5 months later
အ့ ကျွတ် ကျွတ်
ကုတင်တစ်ခုပေါ်မှာ တစ်ကိုယ်လုံးပတ်တီးတွေဖြင့် လှဲလျောင်းနေတဲ့ကောင်လေးဟာ ရုတ်တရက်သတိပြန်ဝင်လာကာ နာကျင်မှုဒဏ်တွေကြောင့် ငြီးငြူလိုက်မိသည်
အားယူပြီးထထိုင်ကာ ဘေးပတ်ဝန်းကျင်က်ို အကဲခတ်ကြည့်တော့ သူကျင်လည်ခဲ့ဖူးတဲ့ပတ်ဝန်းကျင်မဟုတ် ဘဲ အရာရာဟာသူ့အတွက်အသစ်အဆန်းတွေဖြစ်နေသည်
သူ့လဲ သူ့ခန္ဓာကိုယ်ပေါ်က ပတ်တီးတွေကို ဖြည်ချလိုက်ကာ ဒဏ်ရာတွေကိုကြည့်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းက ဒဏ်ရာတွေက သက်သာသလောက်ရှိနေပြီ ရင်ဘတ်နဲ့ ပုခုံးကြားက သေနတ်ဒဏ်ရာနဲ့ အနည်းငယ် ထိခိုက်ထားတဲ့ ခြေထောက်တွေကတော့နာကျင်နေတုံးပင်
tae: ငါဘယ်တွေရောက်နေတာလဲ
ဘယ်လိုနေရာကိုရောက်နေလဲဟု စူးစမ်းနေတုံးမှာပင် ထိုအိမ်လေးထဲသို့ ဝင်လာတဲ့ အကိုတစ်ယောက်
jin: ဟော မင်းသတိရလာပြီလား တော်ပါသေးရဲ့ခဏနော်
ထိုအကိုက ထယ်ယောင်းကိုမြင်တော့ အံသြသွားကာ စကားတွေဆိုပြီး ပြန်ထွက်သွားသည် ဒီလူကဘယ်သူလဲ သေချာတာကတော့ ထယ်ယောင်းသူ့ကိုဘယ်တုံးကမှ မသိခဲ့ဖူးပါ
ခဏအကြာမှာ အခုဏအကိုနဲ့အတူ နောက်ထပ်အကိုတစ်ယောက် ပါ အိမ်လေးထဲသို့ပြန်ဝင်လာသည်
nj: ဝိုး တကယ်ကို မင်းသတိပြန်ရလာတာဘဲ တော်ပါသေးရဲ့ ငါတို့ကမင်းကို လက်လွတ်လိုက်ရပြိီထင်နေတာ
tae: ဒီမှာ အကိုတို့ကဘယ်သူတွေလဲ ပြီးတော့ဒါကကော ဘယ်နေရာလဲ ကျွန်တော့်ကိုဘာလို့ကယ်ထားကြတာလဲ ကျွန်တော့်နဲ့အကိုတို့နဲ့ သိလို့လား
nj: စိတ်မပူပါနဲ့ကောင်လေး ကိုယ်တို့က လူကောင်းတွေပါ ပြီးတော့ကိုယ်တို့နှစ်ယောက်လုံးက ဆရာဝန်တွေပါ မင်းကိုတော့မသိပေမဲ့ ဆရာဝန်ဆိုတာ ဒဏ်ရာရနေတဲ့လူတွေ့ရင် မကယ်တင်ဘဲမနေနိုင်ဘူးလေ
jin: ဟုတ်တယ် ကိုယ်တို့မင်းကိုတွေ့တဲ့အချိန်တုံးက မင်းက အသက်မျှင်းမျှင်းဘဲ ကျန်တော့တာ သေလောက်တဲ့ဒဏ်ရာတွေများစွာရထားတာတောင် မင်းကအသက်ရှင်မို့ ကံကြမ္မာနဲ့အားတင်းတိုက်ခိုက်နေတာ တွေ့လို့ ကိုယ်တို့ကယ်တင်ပေးခဲ့တာ
YOU ARE READING
The Bodyguard(Complete)
Fiksi Penggemartae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...