နောက်တနေ့ နေ့လည်လောက်မှာ ထယ်ယောင်းဖုန်းထဲရောက်လာတဲ့ မက်ဆေ့ချ်လေးတစ်စောင့်ကြောင့် ထယ်ယောင်း ပြုံးလိုက်သည်
sms လေးကတော့👇👇
magic shop cafe. ညနေ ၃ နာရီ😒
၃ နာရီကို တစ်မိနစ်နောက်ကျတာနဲ့ ဘားမှဝယ်မကြွေးနိုင်ဘူးနော်tae: ဒီကလေး တကယ်မလွယ်တဲ့ဟာလေး ဘာလို့အက်လောက်တောင် ချစ်မို့ကောင်းနေရတာလဲ ကိုကို့ကလေးလေးရာ
ထယ်ယောင်းလဲ သူပြောတဲ့အတိုင်း အချိန်အတိကျရောက်စေရန် နေ့လည်နှစ်နာရီလောက်ထဲက ပြင်ဆင်ပြီး ထွက်လာလိုက်သည် ကောင်လေးချိန်းတဲ့ဆိုင်နဲ့ သူအခုနေတဲ့နေရာက အတော်လှမ်းတာကြောင့် နောက်မကျစေရန် ကြိုထွက်လာချင်းပင်
သူဆိုင်ရှေ့ရောက်တော့ 2 နာရီ 40. သူလဲဆိုင်ထဲဝင်ကာ ကောင်လေးကိုစောင့်နေလိုက်သည် ရုံးတွေကျောင်းတွေဖွင့်ရက်ဖြစ်တာကြောင့် ဆိုင်လေးက အတော်လူရှင်းနေသည်
အတွဲလေး တစ်တွဲရယ် သူငယ်ချင်းတွေဖြစ်ပုံရတဲ့ ကောင်လေးနှစ်ယောက်ရယ်သာရှိသည် ထယ်ယောင်းလဲ ဆိုင်ထောင့်ဖက်က ဝိုင်းတစ်ခုမှာ ဝင်ထိုင်လိုက်တော့စားပွဲထိုးကောင်လေးတစ်ယောက်က အနားရောက်လာကာ
W: ဘာများသုံးဆောင်မလဲ အကို
tae: ဟို ကိုယ် အသိတစ်ယောက်က်ိုစောင့်အုံးမှာမို့ ခုလောလောဆယ် ရေလေးတစ်ခွက်ဘဲအရင်ပေးပါလား ကိုယ့်သူငယ်ချင်းရောက်လာမှ မှာမယ်နော်
W: ဟုတ်ကဲ့ရပါတယ်ဗျ ဒါဆိုခဏလေးစောင့်ပေးပါနော် ကျွန်တော်ရေလေးအရင် လာချပေးပါ့မယ်
tae: ok
အမှန်ဆို ဒီဆိုင်လေးက ကောင်လေးနဲ့သူနဲ့အတူတစ်ခါလာဖူးပြီး ဒီဆိုင်က ချောကလက်ကိတ်နဲ့ ချောကလက်မစ်ရှိုက်ကို ဂျွန်ကအရမ်းကြိုက်တာကြောင့် သူအမြဲလာဝယ်ပေးနေကြဆိုင်လေးပင်
ပြီးတော့ကောင်လေးက ဒီဆိုင်ကိုလာတိုင်းအဲ့နှစ်မျိုးဘဲစားတာသိထားပေမဲ့လဲ သူကြိုမှာထားလို့မဖြစ် အက်လိုသာကြိုမှာထားလိုက်ရင် ဂျွန်က သူကထယ်ယောင်းပါဆိုတာကို တန်းသိသွားမှာလေ ဒီဆိုင်ကိုချိန်းထဲက ဒီကောင်လေး ဘယ်လိုအကွက်မျိုးရွေ့ချင်နေလဲ ထယ်ယောင်းသိတာပေါ့ ဒီတော့ကိုကိုက ကလေးအလိုကျ လိုက်ကစားပေးရမှာပေါ့ကွာ
YOU ARE READING
The Bodyguard(Complete)
Fanfictae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...