ညနေစာကို ဂျွန့်အကြိုက် ဟင်းတွေဖွယ်ဖွယ်ယာယာပြင်ဆင်ပေးတော့ သဘောတွေ့စွာ စားသောက်နေတဲ့ကလေးက ပါးစောင်ထဲမှာထမင်းတွေအပြည့် ပြွတ်သိပ်အောင်ထည့်ပြီး တမြုံမြုံဝါးနေတာမို့ ထယ်ယောင်းမှာ သဘောကြစွာ တမေ့တမောငေးကြည့်နေမိသည်
jk: ဝါး ဗိုက်က်ိုတင်းကားသွားတာဘဲ jin hyung လက်ရာကတကယ်မိုက်တယ်ဗျာ
jin: အိုး ခင်များလေးတို့သဘောကြတယ်ဆိုရင်ဘဲ ကြေနပ်ရပါပြီဗျာ များများစား kookie
jk: ဟီး ဟုတ် hyung
tae: ဟုတ်တယ်ကလေး များများစား များများစားမှအားရှိမှာ
jin: အားရှိမှ ဒီည ခံနိုင်စွမ်းရှိမှာ
jk: jin hyung ဘာတွေလျှောက်ပြောနေတာလဲဗျာ တကယ်ဘဲ အဲ့ hyung တစ်ယောက်ကလေ namjoon hyung. ကိုလင်ကိုမထိန်းတော့ဘူးလား
nj: ဟားဟားးး အေးပါကွာ
jin ရဲ့စနောက်မှုကြောင့် ထယ်ယောင်းနဲ့ နမ်ဂျွန်းတို့ပါပွဲကြကုန်ပြီး ရီမောကြသည်မို့ ဂျွန်တစ်ယောက်ကတော့ မျက်နှာတွေပူကာ ဘယ်နားထားရမှန်းကိုမသိတော့ဘဲ ရှက်နေမိသည်
ညစာစားပြီးတော့ ဂျွန်ကရှက်နေတာမို့ အခန်းထဲဝင်နားခိုင်းလိုက်ကာ ထယ်ယောင်းတို့သုံးယောက်ဘဲ စားပွဲတွေပါတွေရှင်းပြီးပန်ကန်တွေလဲဆေးကျောသန့်စင်လိုက်သည် ပြီးတော့ hyung တို့က ဒီညရွာထဲကအသိအိမ်မှာ သွားအိပ်မယ်တဲ့ ဘာဖြစ်လို့လဲလို့ထယ်ယောင်းမေးတော့ သူတို့ရှိရင် မင်ဂလာဦးညလေး အနှောင့်ယှက်ဖြစ်မှာဆိုးလို့တဲ့လေ
ထယ်ယောင်းကရပါတယ် အဲ့လိုလုပ်စရာမလိုပါဘူးလို့ပြောတော့လဲ လက်မခံ ဒီတစ်ညတော့ အေးအေးချမ်းချမ်း နှစ်ယောက်ထဲ ဖြတ်သန်းကြပါဟုဆိုကာ ထွက်သွားကြလေသည် ထယ်ယောင်းလိုသွေးမတော်သားမစပ်တဲ့လူတစ်ယောက်ကိုတောင် တကယ့်ကိုသွေးသားအရင်းအချာလို ဆက်ဆံပေးတဲ့ hyung တို့နှစ်ယောက် ကတကယ့်ကိုနတ်သားလေးတွေပင် အခုလဲသူတို့အတွက်နဲ့ သူများအိမ်မှာသွားအိပ်ကြရပေအုံးမည်
hyung တို့နှစ်ယောက်သွားပြီးတော့ ထယ်ယောင်းလဲ အိမ်တံခါးတွေသေချာပိတ်ကာ မိီးတွေလဲ ပိတ်လိုက်ပြီး အပေါ်ထပ်ကိုတတ်လာလိုက်သည် ကလေးငယ်က ကုတင်ပေါ်မှာ အိပ်တောင်အိပ်နေလေပြီ ဒါပေမဲ့တံခါးဖွင့်သံကြားတော့ အနည်းငယ်လှုပ်ရွသွားတာမို့ ဒီကလေးမအိပ်သေးဘဲ အိပ်ချင်ယောင်ဆောင်နေတယ်ဆိုတာ ထယ်ယောင်းသိတာပေါ့
YOU ARE READING
The Bodyguard(Complete)
Fanfictae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...