ထမင်းစားပြီးတော့လဲတစ်ခါ ပူးပူးကပ်ကပ်ထိုင်ကာ ဖုန်းကြည့်နေကြတဲ့နှစ်ယောက်ကြောင့် ဘိုဂန်းမှာ ပန်းကန်တွေသိမ်းရန်ကောင်မလေးတွေကိုပင်မခေါ်ရဲ အခန်းပြင်မှာသာရပ်စောင့်ခိုင်းကာ သူ့မှာတံခါးကိုအနည်းငယ်သာဟပြီး ပန်းကန်တွေကိုသူကိုယ်တိုင်ဘဲအပင်ပန်းခံသယ်ကာ တစ်ခုချင်းရွေ့လိုက်ရသည် ဟူးးး ထယ်ယောင်းပေးတဲ့ဒုက္ခကမသေးပါလား
jk: အကို အကို့ကိုဂျွန်မေးစရာရှိတယ်
tae: omm မေးလေ ဂျွန် ဘာသိချင်လို့လဲ
jk: ဟိုလေ အကို့ဖုန်းထဲမှာ အကိုနဲ့ဓာတ်ပုံတွဲရိုက်ထားတဲ့နောက်ထပ်အကိုတစ်ယောက်ကဘယ်သူလဲဟင်
tae: ဟင် ဘယ်သူ့ကိုပြောတာလဲ
jk: ဒီမှာလေ ဂျွန်ပြမယ်
ဂျောင်ဂုပြတဲ့ပုံလေးက ထယ်ယောင်းနိုင်ငံခြားမသွားခင် ညီနဲ့အတူဒီမှာရှိနေတုံးကတွဲရိုက်ထားတဲ့အမှတ်တရပုံလေးတွေ ထိုပုံလေးတွေကိုတွေတွေလေးငေးကြည့်ရင်း ထယ်ယောင်းညီ့ကိုပြန်သတိရမိသွားသည်
jk: ဒီအကိုကဘယ်သူလဲဟင် အကိုနဲ့လဲရုပ်ဆင်တယ်နော်
tae: ဟုတ်လား အကိုနဲ့ရုပ်ဆင်လို့လား
jk: omm ဆင်တယ် ဒါပေမဲ့အကိုကပိုချောပြီး ပိုကြည့်ကောင်းတယ်
tae: ဟားဟားးးး ဟုတ်လား
jk: အကိုနော် ဂျွန်ကအမှန်တိုင်းပြောတာကိုဘာရီတာလဲ
ဂျွန်ပြောလိုက်တဲ့စကားကြောင့်ထယ်ယောင်းကသဘောတကျထရီတာမို့ ဂျွန်အနည်းငယ်ရှက်သွားရသည် ဒါကိုသိတဲ့ထယ်ယောင်းက
tae: ဟုတ်ပါပြီ ကိုယ်မရီတော့ပါဘူး ဒါက ကိုယ့်ညီလေးပါဂျွန်ရဲ့
jk: ဟင်မ် အကို့မှာညီလေးရှိတယ်
tae: omm ရှိတာပေါ့ ကိုယ့်ညီလေးက ကိုယ့်ရဲ့အသက်ဘဲ ကိုယ်တို့ငယ်ငယ်ထဲက မိဘတွေဆုံးသွားတော့ကိုယ်ကဘဲညီလေးကို ဒီအရွယ်ထိပြုစုစောင့်ရှောက်လာခဲ့တာလေ ညီလေးကကိုယ့်အတွက်တော့အရာရာဘဲ
jk: wow အကိုကတော်လိုက်တာ ဒါနဲ့အခု ဒီအကိုကကော
tae: သူမရှိတော့ဘူးဂျွန် အကို့ညီလေးက အကို့ကိုထားပြီးအဝေးဆုံးကိုထွက်သွားပြီ
YOU ARE READING
The Bodyguard(Complete)
Fiksi Penggemartae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...