ဂျွန်ဆိုယွန်းတစ်ယောက် သားငယ်ကို ပျော်ရွှင်စေချင်တာကြောင့် အနည်းငယ်လွတ်လပ်မှုပေးကာ ဂျွန်ငယ့်စိတ်တိုင်းကျ နေထိုင်စေလိုက်သည် လွတ်လပ်ခွင့်ပေးထားတယ်ဆိုပေမဲ့ မသိမသာတော့ ဂျွန်ငယ်ဘာတွေလုပ်နေလဲဆိုတာ စုံစမ်းပါသေးရဲ့
အခုလဲ လွန်ခဲ့တဲ့ ၂ လကျော်လောက်ထဲက ဂျွန်ငယ်လူတစ်ယောက်နဲ့တွဲနေတယ်ဆိုတာ ဂျွန်ငယ့်ဘော်ဒီဂတ်တွေဆီက သတင်းရထားသည် ဘယ်လိုလူလဲသိချင်လို့ စုံစမ်းခိုင်းတော့ ဂျွန်ငယ့်ဘော်ဒီဂတ်တွေက လူကောင်းတစ်ယောက်ပါဟုပြောတာကြောင့် သူလဲ ဘားမှသိပ်မစုံစမ်းတော့ပါ
ဘာလို့ဆို သူဂျွန်ငယ်နဲ့ထိုလူရှိနေတဲ့အချိန်တွေကို ဓာတ်ပုံရိုက်ပြီးပို့ခိုင်းတိုင်း ဂျွန်ငယ်ရဲ့မမြင်ရတာကြာပြီဖြစ်တဲ့အပြုံးလေးတွေကို သူမ မြင်ခဲ့ရတယ်လေ သားငယ်က ထိုလူနဲ့ရှိနေတဲ့အချိန်တွေဆို ပျော်ရွှင်နေခဲ့တာဘဲ
ဒါကြောင့် ထိူလူနဲ့တစ်ခါလောက်တော့ ဆိုယွန်းတွေ့မို့စီစဥ်ထားပေမဲ့ ခုချိန်မှာ သူမ အလုပ်တွေနဲ့မအားလပ်သေးတာမို့ မတွေ့ဖြစ်သေးပါ ဓာတ်ပုံရိုက်တိုင်းလဲ ထိုလူ့ပုံက တစ်ခုခုနဲ့ကွယ်နေတတ်တာတို့ နောက်ကျောတို့ဘဲပါတာတို့ ဘေးတစောင်းလေးဘဲ အနည်းငယ်မြင်ရတာမို့ ဘယ်လိုပုံဆိုတာ သေချာမသိရသေး
ဂျွန်နဲ့ အကိုဗစ်တာတို့ ချစ်သူဖြစ်တာ အခုဆို ၁ လပင်ပြည့်တော့မည် အကိုဗစ်တာက သိပ်ကိုခင်မင်ဖို့ကောင်းတဲ့လူပါ အဲ့လူက ဂျွန့်ကိုလဲ သိပ်ချစ်တယ် ထင်ပါရဲ့ ဂျွန့်ကိုအလိုလဲလိုက်ပြီး အကြိုက်လဲစောင်သည် ဒါပေမဲ့ ဂျွန်သူ့ကိုချစ်လားမချစ်လားဆိုတာတော့ ဂျွန်ကိုယ်တိုင်လဲဝေခွဲမရ
သေချာတာတစ်ခုကတော့ ဂျွန်ကိုဗစ်တာ့ကိုချစ်တယ်ဆိုရင်တောင် ကိုကို့ကိုချစ်ခဲ့တဲ့ အချစ်မျိုးမဟုတ်တာတော့ သေချာပါတယ်
ကိုဗစ်တာ့ကို jimin တို့ hosoek တို့နဲ့မိတ်ဆက်ပေးတုံးက သူတို့လဲ အလွန်အံသြသွားကြတာ သူတို့ဆို အစက အကိုထယ်ယောင်းက လာနောက်နေတာဘဲဆိုပြီးတော့တောင်ထင်ကြတာလေ နောက်မှ မဟုတ်မှန်းသိတော့ တကယ်အံသြနေကြတာ

YOU ARE READING
The Bodyguard(Complete)
Fanfictiontae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...