ထယ်ယောင်းသတိပြန်ရလာပြီးတစ်ပတ်လောက်အကြာမှာ ဒဏ်ရာတွေဟာလဲ အနည်းနဲ့အများသက်သာလာသလို ခြေထောက်ကလဲ ပြန်အဆင်ပြေစပြုလာပြီမို့ အခုဆို လမ်းပင်အနည်းငယ်လျှောက်နိုင်နေပြီ ဒါပေမဲ့ လဲအကူညီတစ်ခုခုတော့ယူရတာပေါ့ ၅ လလောက်အသုံးမပြုဖြစ်တဲ့ခြေထောက်ဆိုတော့ အနည်းငယ် တော့ သုံးရတာအဆင်မပြေ namjoon hyung နဲ့ jinhyung. တို့က သူတို့အားလက်ချိန်တိုင်း ထယ့်ကိုသေချာဂရုစိုက်ကာ လေ့ကျင့်ခန်းတွေဂရုတစိုက်လုပ်ပေးတော့ ထယ်အတော်သက်သာလာပြီ
ဒါကြောင့်ဒီနေ့ bogum ရဲ့အုတ်ဂူလေးဆီသွားကာ bogum နဲ့သွားတွေ့ရန် hyung ကိုအကူညီတောင်းထားသည်
jin hyung က နေ့လည်စာ စားပြီးရင်လိုက်ပို့ပေးမယ်ဆိုတာကြောင့်ထယ်လဲအဆင်သင့်လုပ်ပြီးစောင့်နေလိုက်သည်
နေ့လည်စာ စားပြီးတော့ hyung ရဲ့စကူတာလေးနဲ့နှစ်ယောက်သား ရွာပြင်က သင်းချိုင်းဆီရောက်လာခဲ့သည် bogum ကိုမြုပ်ထားတဲ့မြေပုံလေးဆီ hyung ကလိုက်ပို့တော့ ထယ်လဲ ထိုမြေပုံလေးရှေ့ ဒူးထောက်ထိုင်ချလိုက်ကာ
tae: သူငယ်ချင်း ငါရောက်လာပြီလေ စတွေ့တုံးကလို နှစ်လိုဖွယ်အပြုံးတွေငါ့ကိုပြုံးပြပါအုံးလားကွာ ငါလေ ငါမင်းကိုအနူးညွတ်တောင်းပန်ပါတယ် bogum ရယ် ငါ့ကြောင့် ငါ့ရဲ့လက်စားချေမှုတွေကြားမှာ မင်းကဘားမှမသိဘဲ မင်းအသက်ကိုစတေးပေးခဲ့ရတာ
မင်းကိုခွင့်လွှတ်ပါလို့တောင်းဆိုမို့တောင် ငါကမထိုက်တန်တဲ့ကောင်ပါကွာ မင်းရဲ့ရိုးရိုးသားသား သူငယ်ချင်းသံယောဇဥ်ကို ငါကအခွင့်ကောင်းယူပြီး မင်းကိုအသုံးချမိခဲ့တာ အဲ့ဒါတွေကြောင့်ဘဲ မင်းအခုလို အသက်သေခဲ့ရတာ ငါတကယ်ကိုတောင်းပန်ပါတယ် သူငယ်ချင်းရယ်
ငါမင်းကိုတိုင်တတည်ပြီးကြိမ်ဆိုပါတယ် မင်းရဲ့အသက်အတွက် မင်းပေးစပ်လိုက်ရတာတွေအတွက် ငါတရားမျှတမှုမရရအောင် ပြန်ယူပေးမယ်သူငယ်ချင်း အဲ့ဒီ့ဂျွန်ဆိုယွန်းဆိုတဲ့မိန်းမကို ငါမရရအောင် အလဲထိုးမယ် သူ့ဘဝတစ်ခုလုံးရစရာမရှိဘဲ ဆုတ်ပျက်သွားအောင်ငါလုပ်ပေးမယ် ပြီးမှ သူ့ကိုသတ်ပေးပါတော့လို့ သူကိုယ်တိုင်တောင်းဆိုလာတဲ့အချိန်မှ ငါသူ့ကိုသတ်ပစ်မယ်
YOU ARE READING
The Bodyguard(Complete)
Fanfictiontae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...