ep 37

231 29 32
                                    

  girl:    အကိုလေး        အကိုလေး ကင်မ်ထယ်ယောင်း     အကိုလေး

     ထယ်ယောင်းညက.  ညနက်တဲ့ထိ အလုပ်လုပ်ရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားရသည်  အခန်းဝကနေ သူ့နာမည်ကိုခေါ်နေသံကြားရတော့မှ မျက်လုံးပွင့်လာပြီး ကုတင်ဘေးက နာရီကိုလှမ်းကြည့်တော့ ၁၀ နာရီပင်ထိုးနေပြီ

    အခန်းဝက ခေါ်သံကလဲ အဆက်မပျက်ကြားနေရတာမို့ သူအိပ်ချင်စိတ်တွေ​ဖျောက်ကာ တံခါးသွားဖွင့်ပေးလိုက်သည်

tae: ဘာလဲ   ဘာလို့လာနှိုးနေတာလဲ ဂျွန်ကော  ဂျွန်က ဘာလို့ကိုယ်တိုင်လာမနှိုးရတာလဲ

girl:  ဟို သခင်လေးက အောက်ထပ်က ဧည့်ခန်းမှာပါ အခုလဲ သခင်လေးက နှိုးခိုင်းလိုက်လို့ ကျွန်မလာခဲ့တာပါ အကိုလေးက အောက်ဆင်းခဲ့မို့ခေါ်နေပါတယ်ရှင့် အောက်မှာရှေ့နေကြီးတို့ရောက်နေပြီမို့ မြန်မြန်လာခဲ့မို့လဲ မှာလိုက်ပါတယ်

tae: ဘာ   ​ရှေ့နေရောက်နေတယ် ဟုတ်လား  ဘာအတွက်လဲ ​ရှေ့နေက

girl:  ဟို အကိုလေးနဲ့သခင်လေးဂျွန်တို့ ကွာရှင်းမို့အတွက်လေ

tae: ဟာ    တောက်  ကယ် သွားသွား ငါမျက်နှာသစ်ပြီးဆင်းလာခဲ့မယ်


girl: ဟို boss က မြန်မြန်လာမို့

tae: ရှာမရှည်ပါနဲ့ သွားစမ်းပါလာခဲ့မယ်

girl:  ဟုတ်ဟုတ်ကဲ့

ထယ်ယောင်းလဲ အခန်းထဲပြန်ဝင်ကာ လုပ်စရာရှိတာတွေလုပ်ပြီး မျက်နှာသစ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည် အောပ်ထပ်မှာ ဂျွန်ဆိုယွန်းရယ် ဂျွန်ရယ် နဲ့ သူတို့ရဲ့မိသားစုရှေ့နေကြီးလဲ ရှိနေတာပေါ့

  ဂျွန်က ထယ်ယောင်းကိုလဲ မြင်ရော အားတတ်သရော မျော်လင့်ချက်တွေပြည့်နေတဲ့မျက်ဝန်းအစုံနဲ့မော့ကြည့်လာသည် ကလေးငယ်က တစ်ညလုံးငိုထားတယ်ထင်ပါရဲ့ မျက်ဝန်းအိမ်လေးတွေက ဖောင်းနေသည် မကြာတော့ပါဘူး အရာအားလုံးအဆုံးသတ်ပြီး ကိုယ်တို့ ပျော်ရွှင်ရတော့မှာပါ ဂျွန်ရယ်

      ထယ်ယောင်း ကောင်လေးရဲ့မျက်ဝန်းတွေကို အရင်ဆိုင်ရဲတာမို့ အကြည့်လွှဲကာ မသိချင်ယောင်ဆောင်ပြီး ခုံမှာ ဝင်ထိုင်လိုက်သည်

The Bodyguard(Complete) Where stories live. Discover now