ep 13

355 33 24
                                        

after one month

   ထယ်ယောင်းဒီနေ့ လစာလဲထုတ်ထားပြီး အနားလဲရတာမို့ အပြင်သွားရန် ပြင်ထားသည် အပြင်သွားမှာကလဲ သူ့အတွက်ဆ်ိုတာထက် ဂျွန့်ကိုဝယ်ပေးစရာရှိလို့ပင်

     ဒီနေ့ဆို သူ ဂျွန့်အနားမှာမနေကတာ တစ်လလောက်ပင်ရှိနေပြီ အဲ့တစ်လအတွင်းမှာလဲ ဂျွန့်မျက်နှာကိုမြင်ရတဲ့ရက်တွေဆိုတာ လက်ချိုးရေလို့ပင်ရသည်

     ဂျွန်ဆိုယွန်းရဲ့နောက်ကိုတနေကုန်လိုက်နေရပြီး သူမသွားသမျှ နေရာတွေ လုပ်နေတဲ့အလုပ်တွေက်ို ထယ်ယောင်းသိနေရလို့ သက်သေတွေရှာလို့ရတာမို့ သူပျော်နေရမှာကို အခုတော့ ဂျွန့်ကိုလွမ်းတဲ့စိတ်တွေကြောင့် သူမပျော်နိုင်ဖြစ်နေရသည်

     တစ်ခါတလေဆို သူအရာအားလုံးကိုမေ့ ပြီး ဂျွန့်လက်က်ိုဆွဲကာ အားလုံးရဲ့အဝေးဆုံးထွက်သွားပြီး ဘဝသစ်စမို့စဥ်းစားဖူးသည်  ဒါပေမဲ့သူအက်လိုလုပ်လိုက်ရင် ညီလေးအပေါ်သူမတရားရာကျပေမည် ညီလေးအတွက်သူသေချာပေါက်လက်စားချေရပေအုံးမည် သို့သော်လဲ ကလေးငယ်ကိုသူမနာကျင်စေလိုပါ


   ကိုယ်ဘယ်လိုလုပ်ရမလဲ ညီလေးရယ် ကိုကို့ရန်သူရဲ့သားကိုမှ ကိုကို့နှလုံးသားတစ်ခုလုံးပုံအောပြီး ချစ်မိသွားပြီကွာ


      ထယ်ယောင်းလဲဂျွန်အိမ်တော်ကနေထွက်လာကာ မရောက်တာကြာပြီဖြစ်တဲ့ညီ့ရဲ့ အုတ်ဂူလေးဆီအလည်လာခဲ့သည်  ပြီးတော့ညီ့ကို ဂျွန်နဲ့အကြောင်းတွေရင်ဖွင့်ပြီးပြောပြမိသည့်     နှစ်နာရီလောက်ထိုအုတ်ဂူလေးနားနေပြီးတော့ ထယ်ယောင်းလဲ ပြန်လာကာမော်လ်တစ်ခုကိုဝင်ပြီး


   ဂျွန်ကြိုက်တတ်တဲ့ မုန့်အချို့နှင့် ရေခဲမုန့်တွေ banana milk တွေဝယ်လိုက်သည် သူ့ရဲ့ကောင်လေးက ဘယ်လောက်ထိသရေဆာမုန့်တွေစားရတာကြိုက်လဲဆိုတာ သူသိတာပေါ့

   ပြီးတော့ ဖုန်းအရောင်းဆိုင်တစ်ခုကိုဝင်ကာ သူဖုန်းဝယ်ရန်ပြင်လိုက်သည် သူ့ရဲ့ဖုန်းလေးက မနေ့က ဘိုဂန်းနဲ့စရင်း ရေကန်ထဲပြုတ်ကြသွားတာမို့ သုံးစားမရတော့ပေ

The Bodyguard(Complete) Where stories live. Discover now