ep. 8

506 37 37
                                        

tae: ဂျွန်ရယ်  မင်း omma ကပြန်လာသေးတာမှမဟုတ်တာ အခုလိုကြီးနေနေမို့လို့လို့လားကွာ  ဒီတိုင်းဘဲထိုင်နေပြီး မင်း omma ပြန်လာမှ ဒီပုံစံပြန်နေပြလိုက်ပါလား အကိုက ဂျွန်ညနေထဲကဒူးထောက်ထားတာပါလို့ပြောပေးမယ်လေ နော်

      ဒါကတော့ညနေ ၅ နာရီခွဲကျူရှင်ပြတဲ့ဆရာတွေပြန်သွားပြီးထဲကစာကြည့်ခန်းထဲမှာ သူ့အမေပြောသလို ဒူးထောက်ပြီးလက်မြှောက်နေတဲ့ ဂျွန့်အဖြစ်ကိုမကြည့်နိုင်တော့လို့ ထယ်ယောင်းဖြောင်းဖြနေချင်းပင်

    တကယ်ဘဲ ဒီကလေး ကိုယ်ကသူ့ကိုပြန်တိုင်မဲ့လူလဲမဟုတ်ပါ ဒါကိုဒီလိုကြီးနေနေစရာလိုလို့လား သူ့အမေလာခါနီးမှဒူးထောက်ထားပြလိုက်လဲရတာကို  အခုတော့ကြည့်ပါအုံး  အချိန်က၆ နာရီခွဲနေပြီဆိုတော့ သူအခုလိုနေနေတာ တစ်နာရီလောက်ပင်ရှိနေပြီ လက်တွေလဲငြောင်းကာ ခြေထောက်တွေလဲထုံနေလောက်ပြီ

jk: ရပါတယ် အကိုရယ်  ဂျွန်ကအမှားလုပ်မိလို့အပစ်ပေးခံရတာလေ ဘယ်လိုလုပ်အချောင်ခိုနေလို့ဖြစ်မှာလဲ omma မသိဘူးဆိုပေမဲ့လဲ ဂျွန် omma ကိုထပ်ပြီးမလိမ်ညာချင်ပါဘူး

tae: ဒါပေမဲ့လဲကွာ

bg: အကိုလေး boss ပြန်ရောက်ပါပြီ အခုစာကြည့်ခန်းထဲတတ်လာခဲ့ပါ့မယ်တဲ့

       ထယ်ယောင်းကောင်လေးနဲ့ငြင်းခုံနေတုံး အခန်းပြင်က bodyguard တစ်ယောက်က ဂျွန့်ကိုသူ့ omma ပြန်ရောက်ပြီဆိုတဲ့အကြောင်း လာပြောသည်

       ထယ်ယောင်းသိသလောက်တော့ ဂျွန်ဆိုယွန်းကဘယ်တုံးကမှ ၆ နာရီခွဲအိမ်ပြန်လာတဲ့မိန်းမမဟုတ် အမြဲတမ်း အိမ်ပြန်ချိန်နောက်ကျတတ်တဲ့မိန်းမကဒီနေ့ဘယ်လိုလုပ်အစောကြီးရောက်လာရတာလဲ ဒါဟာသေချာပေါက် ဂျွန့်ကြောင့်ပင်

        ဘာဘဲပြောပြော ဂျွန်ဆိုယွန်းကသူ့သားကိုတော့ တကယ်ချစ်ရှာသား သူ့သားအပေါ်တင်းကျပ်ပြီး မေတ္တာတွေကိုပေါ်ပေါ်တင်တင်ထုတ်မပြဘူးဆိုပေမဲ့ သူမ သူ့သားအပေါ်ဘယ်လောက်ချစ်လဲဆိုတာ အားလုံးသိနိုင်ပါသည်  

     ထယ်ယောင်းအတွေးများနေတုံးမှာပင် အခန်းတံခါးဖွင့်ပြီးဝင်လာတဲ့သူမကြောင့် ထယ်ယောင်းလဲ ဂျွန့်ဘေးနားကနေအနောက်ဆုတ်ပြီး ထောင့်ကပ်ကာ ရပ်နေလိုက်သည်  သူမက ဂျွန့်ကိုကျော်ကာ စာပွဲပေါ်ဝင်ထိုက်လိုက်သည်

The Bodyguard(Complete) Where stories live. Discover now