ep 40

268 33 24
                                    

  ထယ်ယောင်းအိမ်ပြန်ရောက်တော့ အရင်ဆုံးရှာမိတာက သူ့ကလေးငယ်က်ိုပင်  ဝယ်လာတဲ့မုန့်တွေကိုအောက်မှာထားပြီး အောက်ထပ်မှာရှိမနေတဲ့ကလေးငယ်ကြောင့် အပေါ်ထပ်မှာဘဲရှိမည်ဟုတွေးကာ အပေါ်တတ်လာပေမဲ့လဲ အခန်းထဲမှာကော ဝရံတာတွေ မှာပါ ရှိမနေတဲ့ကောင်လေးကြောင့် ထယ်ယောင်းအနည်းငယ်စိတ်ပူသွားရသည်

  

အောက်ထပ်ကိုပြန်ဆင်းလာကာ အလုပ်သမားတွေနဲ့ အဖွားကိုမေးကြည့်တော့ အခုဏတော့ဧည့်ခန်းထဲမှာ tv ကြည့်နေတာတွေ့ပြီး နောက်ဘယ်ရောက်သွားလဲ သူတို့လဲမသိဘူးဟုဆိုတာကြောင့် ထယ်ယောင်းခေါင်းမီးတောက်မတတ် တစ်ခြံလုံးအနှံ့လိုက်ရှာရတော့သည်







   ကောင်လေးအမြဲထိုင်နေကြ အနောက်ဘက်က ရေကန်နားကိုသွားကြည့်တော့လဲ မတွေ့တာမို့ အိမ်ရှေ့ပြန်ထွက်လာချိန် ခြံတံခါးဖွင့်ပြီးဝင်လာနေတဲ့ကလေးငယ်ကိုတွေ့ရတော့မှဘဲ ထယ်​ယောင်းစိုးရိမ်နေတဲ့ရင်ထဲက အပူလုံးကြီးကြသွားရတော့သည်  ကလေးငယ်အနားပြေးကာ ကလေးကို ဖတ်လိုက်မိတော့ ကလေးက ရုန်းလဲမရုန်းသလို တွန်းလဲမထုတ် ကြောက်ရုပ်တစ်ရုပ်လိုပင်ရပ်မြဲ ရပ်နေသည်




tae: ဂျွန်ဘယ်သူ့ကိုမှမပြောသွားဘဲ ဘယ်တွေလျှောက်သွားနေတာလဲ ကလေးရယ် ကိုကိုစိတ်ပူပြီးလိုက်ရှာနေတာကွ




jk: ကျွန်တော့်ကို ဘာလို့ လိမ်ထားခဲ့တာလဲ ကင်မ်ထယ်ယောင်းရှိ




tae: ဟမ်  ဘာကိုလဲကလေးငယ်




jk: omma သတင်းကို ကျွန်တော် tv မှာတွေ့လိုက်တယ် အခုလဲ ကျွန်တော် omma ဆီသွားမို့ဆိုပြီးထွက်သွားတာ ဘာလို့ ကျွန်တော့်ကိုလိမ်ထားခဲ့တာလဲ




tae: ဟို ကိုယ်ကလေးကိုလိမ်ထားတယ်ဆိုတာ အဲ့ဒီ့အချိန်က ကလေးကနေမကောင်းသေးတော့ မင်းအမေအကြောင်းကြားရင် အခြေနေပိုဆိုးသွားမှာဆိုးလို့ပါ မင်းနေကောင်းလာတာနဲ့ ကိုယ်အမှန်တိူင်းပြောမို့ပါဘဲ ကလေးရဲ့




jk: ကျွန်တော် omma နဲ့တွေ့ချင်တယ် လိုက်ပို့ပေးနိုင်မလား 




The Bodyguard(Complete) Where stories live. Discover now