ep 39

206 30 26
                                    

tae: ဂျွန်


     ဆေးရုံခန်းထဲကို အမောတကောရောက်ချလာတဲ့ထယ်ယောင်းက အခန်းဝကနေ ဂျွန့်နာမည်လေးကိုလှမ်းခေါ်တော့ အလွန်လှပတဲ့သမင်လေးလိုမျက်ဝန်းလေးတွေက ထယ့်ကိုလှမ်းကြည့်သည် 


      ကုတင်ပေါ်မှာ အကောင်းအတိုင်းထိုင်နေတဲ့ကောင်လေးကိုမြင်တော့ ထယ်ယောင်းအလွန်ပျော်ကာ အနားကိုပြေးသွားလိုက်သည်   ထယ်ယောင်းလာတာမြင်တော့အဖွားက အနည်းငယ်နေရာဖယ်ပေးတာကြောင့် ထယ်​ယောင်းလဲ ဂျွန့်အနားဝင်ထိုင်လိုက်ရင်း ဂျွန့်လက်လေးကိုဆုတ်ကိုင်ပြီး ဂျွန့်ကိုရင်ခွင်ထဲ ဆွဲထည့်ကာ ဖတ်ထားလိုက်မိသည်


tae: ဝမ်းသာလိုက်တာဂျွန်ရယ် အခုလို အမြန်ဆုံးသတိရလာပေးလို့ တကယ်ကျေးဇူးတင်ပါတယ်ကလေးရယ်  ကိုကို ကလေးကိုသိပ်သတိရနေတာ



jk: အင့်   အဖွား 


   ထယ်ယောင်းရင်ခွင်ထဲကရုန်းထွက်ကာ ထယ်ယောင်းနဲ့အဝေးကိုသွားပြီးအဖွားဆီသွားကပ်တဲ့ကလေးက ထယ်ယောင်းကိုအလွန်ကြောက်နေပုံ


jk: အဖွား သူကဘယ်သူလဲဟင်  ပြီး ပြီးတော့ omma ကော   သားဘယ်လိုဖြစ်ပြီး ဒီဆေးရုံပေါ်ရောက်နေရတာလဲ



  ထယ်​ယောင်းကို လက်ညိုး ထိုးကာ တကယ်ကြီးမသိတဲ့လူတစ်ယောက်လိုဆက်ဆံနေတဲ့ဂျွန့်ကြောင့် ထယ်ယောင်းမှာလဲ ကြောင်အမိသည် ဂျွန်က သူ့ကိုဘယ်သူလဲတဲ့လား


tae: ဂျွန်  ကိုကိုလေကွာ  ကလေးရာ  ကိုကို့ကိုမစပါနဲ့ ဖြစ်ခဲ့သမျှအရာအားလုံးအတွက် ကိုကိုကလေးကြေနပ်နိုင်လောက်တဲ့အထိ တောင်းပန်မှာပါ ဒါကြောင့် ကိုကို့ကို အခုလိုကြီးတော့မစပါနဲ့ကွာ


    ထယ်ယောင်းက ကုတင်ပေါ်တတ်ထိုင်ကာ ဂျွန့်ပုခုံးလေးကိုလှမ်းဖတ်မို့ပြင်တော​့ ကလေးငယ်က သိသိသာသာရှောင်ထွက်ကာ ထယ်ယောင်းကိုလဲအဝေးတွန်းထုတ်သည်


jk: ဒီမှာ ခင်များဘယ်သူလဲ ကျွန်တော်မသိတာမို့ ကျွန်တော့် အသားကိုလာလာမထိပါနဲ့ ကျွန်တော်မကြိုက်ဘူး အဖွား  omma ကောလို့ ဂျွန်မေးနေတယ်လေ ပြီးတော့ ဒီလူ့ကိုအဝေးမှာနေခိုင်းပေးပါ အဖွား



The Bodyguard(Complete) Where stories live. Discover now