jsy: အတွင်းရေးမှူးဟန် အိမ်ပြန်မို့ကားအဆင်သင့်ပြင်ခိုင်းထားလိုက်ပါ
bg: ဟုတ်ကဲ့ပါ boss
ဂျွန်ဆိုယွန်း ကုမ္ပဏီကအလုပ်တွေပြီးတာနဲ့ အိမ်ကိုတန်းပြန်ရန်ပြင်လိုက်သည် ဂျွန်ငယ်နဲ့သူ့သူငယ်ချင်းတွေကို ညစာလိုက်ကျွေးရန်သူမစဥ်းစားထားသည်လေ
ဂျွန်ငယ်က မပျော်မရွှင်ဖြစ်နေတာ တစ်ပတ်လောက်ရှိနေလေပြီ သားကထယ်ယောင်းနဲ့ပတ်သတ်ပြီး ပထမဆုံးအချစ်မို့ သူ့ကိုထားသွားတယ်အထင်နဲ့ အသဲကွဲနေတာဖြစ်မှာပါ အချိန်ကြာရင်မေ့သွားလိမ့်မယ်ဟုတွေးကာ သူမလွှတ်ထားခဲ့ခြင်း အခုလဲ သူ့သူငယ်ချင်းတွေနဲ့အတူနေရင် စိတ်ပျော်လာမယ်ထင်လို့ သူငယ်ချင်းတွေအိမ်ခေါ်ဆော့ခိုင်းထားတယ်လေ
၁၇ နှစ်ကျော် သူမထိန်းသိမ်းလာတဲ့ကလေးမို့ ဘယ်လိုဆက်ဆံရင် ဘယ်လိုရတယ်ဆိုတာ သူမကောင်းကောင်းသိတာပေါ့ ငါ့သားငယ်ကိုပျော်ရွှင်အောင် လုပ်နိုင်မို့ ငါဘယ်သူ့အကူညီမှ မလိုဘူး ကင်မ်ထယ်ယောင်း သားငယ်ကမင်းနဲ့အနေနီးလို့ အထိအတွေ့မှာ သာယာခဲ့ရုံပါ ဆယ်ကျော်သက်အရွယ်ဆိုတော့ ရင်ခုန်တတ်စအရွယ်မို့ မင်းကိုချစ်တယ်လို့သူအထင်မှားနေတာ အခု မတွေ့မမြင်ရရင် အချိန်ခဏလေးအတွင်း သူမင်းကိုမေ့သွားလိမ့်မယ်
ဆိုယွန်း လမ်းတစ်လျှောက် လုံး သားနဲ့ထယ်ယောင်းကိစ္စကိုတွေးကာ လာလိုက်တာ အိမ်တောင်ဘယ်လိုပြန်ရောက်လို့ရောက်မှန်းမသိ သူမကားပေါ်ကဆင်းကာ အိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းမှာ သူငယ်ချင်းတွေနဲ့ထိုင်နေတဲ့ ဂျွန်ငယ့်ကိုတွေ့သည်
သူမလဲသားငယ်အနားသွားတော့ အနားရောက်ကာမှ သားငယ်ငိုနေတယ်ဆိုတာ သတိထားမိသည် ဘာများဖြစ်သလဲ ဆော့ရင်းနဲ့များထိခိုက်မိသွားလေသလားဟု သူမစိုးရိမ်စွာ သားငယ်အနားအပြေးသွားလိုက်သည်
jsy: ဂျွန်ငယ် ဘာဖြစ်နေတာလဲ သား ဘာလို့ငိုနေတာလဲ omma ကိုပြောစမ်း
jungkook. omma ပြန်လာမဲ့အချိန်က်ို ဧည့်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့အတူစောင့်ရင်း ထိန်းထားတဲ့ကြားက အကို့အကြောင်းတွေးလိုက်တာနဲ့က်ို မျက်ရည်တွေက အတားဆီးမဲ့ ကျဆင်းနေသည် jimin နဲ့ hosoek တို့ကတော့ ဂျောင်ဂုကိုမငိုမို့ နည်းမျိုးစုံနဲ့ဖြောင်းဖျနေကြတာပေါ့
YOU ARE READING
The Bodyguard(Complete)
Fanfictiontae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...