ep 9.

229 31 40
                                    

  ထယ်ယောင်းနဲ့ဂျောင်ဂုတို့ ချစ်သူဖြစ်သွားကြပေမဲ့ သူများအတွဲတွေလိုလွတ်လွတ်လပ်လပ် ပျော်ရတယ်လို့ကိုမရှိ  အချိန်တိုင်း ခိုးကြောင်ခိုးဝှက်နဲ့ လက်ကိုင်တာတောင် ပတ်ဝန်းကျင်ကို အကဲခတ်နေရတဲ့အဖြစ်

     တော်သေးတာပေါ့ ဂျွန်ကျောင်းကပြန်လာရင် စာပြပေးရတဲ့အချိန်လေးရှိနေပေလို့ အဲ့အချိန်သာမရှိရင် ထယ်ယောင်းနဲ့ဂျောင်ဂုက လက်တောင်ကိုင်မရတဲ့အဖြစ်တွေ

      အခုလဲစာကြည့်ခန်းထဲမှာ  ထယ်ယောက်းမနေ့က မေးမယ်ဟုပြောထားတဲ့ကျက်စာတွေကို ကောင်လေးက ပြန်နွှေးနေသည် ဘိုဂန်းကတော့အခန်းပြင်မှာ စောင့်ပေးနေရှာတာပေါ့ ထယ်ယောင်း ဂျွန့်ထိုင်ခုံနားသွားကာ ဂျွန့်ကိုပွေ့လိုက်ပြီး ထိုင်ခုံမှာသူကအရင်ဝင်ထိုင်လိုက်ကာ ဂျွန့်ကိုသူ့ပေါင်ပေါ်တင်ထားလိုက်သည် ထယ်ယောင်းရဲ့ရုတ်တရပ်အပြုအမူကြောင့် ကောင်လေးမှာပြူးကြောင်ကြောင်လေးနဲ့ ဘာလုပ်ရမှန်းမသိ

     ထယ်ယောင်းကိုယ်ပေါ်ကနေ ဆင်းမို့ကိုရုန်းကန်နေတဲ့ ဂျွန့်ကြောင့် ထယ်ယောင်းက

tae: ငြိမ်ငြိမ်နေလေ ဂျွန်ရာ ပြုတ်ကြကုန်အုံးမယ်

jk: အကို့ ဘာလုပ်တာလဲဂျွန့်ကိုအောက်ချပေး တော်ကြာတစ်ယောက်ယောက်ဝင်လာလို့ မြင်သွားမှဖြင့်ဗျာ  အကိုကအရမ်းအတင့်ရဲတာဘဲ

tae: မမြင်ပါဘူးဂျွန်ရယ် ဘယ်သူကဒီအခန်းထဲလက်လွတ်စပယ်ဝင်လာဘူးလို့လဲ အပြင်မှာဘိုဂန်းကစောင့်နေတာဘဲ လူလာရင်သူဝင်ခွင့်တောင်းမှာပေါ့


jk: ဒါပေမဲ့လဲအက်ိုရာ

tae: တော်ပါတော့ဂျွန်ရယ် ကို့ချစ်သူနဲ့နီးနီးကပ်ကပ်လေးနေခွင့်ရတုံးအေးဆေးနေပါရစေ  ခဏလေးဘဲ ဟုတ်ပြီလား ခဏလောက်လေးဘဲ ဒီတိုင်းထိုင်နေပေး

     ထယ်ယောင်းက မျက်လုံးတွေမှိတ်ချကာ ဂျွန့်ရင်ခွင်ထဲမျက်နှာအပ်ပြီး ဂျွန့်ကိုယ်သင်းနံ့လေးကို ရူရှိုက်နေလိုက်သည်  ဟက် ဒီပုံစံသာဂျွန်ဆိုယွန်းတွေ့ရင်ဆွေ့ဆွေ့ခုန်နေတော့မှာဘဲ

       ခင်များသားနဲ့ ကျွန်တော့်ရဲ့နေပုံထိုင်ပုံတွေကိုခင်များကိုမြင်စေချင်လိုက်တာ ဂျွန်ဆိုယွန်းရယ်  ခဏဘဲနောက်ထပ်အချိန်ခဏလေးအတွင်းမှာခင်များ အားလုံးသိရတော့မှာပါ ဒါပေမဲ့အဲ့အချိန်ကြရင်ခင်များတားဆီးမို့ သိပ်နောက်ကျသွားလိမ့်မယ် ဟက်


The Bodyguard(Complete) Where stories live. Discover now