ထယ် ဆိုလ်းကိုပြန်လာပြီးနောက်ပိုင်းမှာ ပုံစံမျိုးစုံနဲ့ရုပ်ဖျက်ကာ ဂျွန်ငယ့်အကြောင်းတွေကော ဆိုယွန်းအကြောင်းတွေကိုပါပြန်စုံစမ်းသည် အသွားအလာတွေကို စောင့်ကြည့်သည်
လုံခြုံရေးနဲ့ပတ်သတ်တာတွေကိုလဲ သေချာလေ့လာသည် ဆိုယွန်းကတော့ အရင်လိုဘဲ ဘားမှမပြောင်းလဲ ဒါပေမဲ့ဂျွန်ငယ် ကတော့အရမ်းပြောင်းလဲသွားခဲ့သည် ထယ်ယောင်း သူတို့ကိုစောင့်ကြည့်နေတာ ၄ လလောက်ပင်ရှိတော့မည် ဒါပေမဲ့ဂျွန်ငယ့်ကိုအရင်လို ပြုံးပျော်နေတာမျိုး တစ်ခါမှမတွေ့ရပါ
အရင်က ထယ်ယောင်းငေးကြည့်ခဲ့ရတဲ့ နှစ်လိုဖွယ်အပြုံးလေးတွေ ဂျွန့်မှာမရှိတော့ ကလေးတစ်ယောက်လို ချစ်စရာအပြုအမူလေးတွေလဲ ဘားတစ်ခုမှမလုပ်တော့ဘဲ ခပ်တည်တည်သာ နေထိုင်တတ်လာတဲ့ ဂျွန်က အသက်မဲ့နေတဲ့ အရုပ်လေးတစ်ခုလိုပင်
ဂျွန့်ရဲ့ပြောင်းလဲမှုတွေဟာ ကိုယ့်ကြောင့်များလား ကလေးငယ်ကို အခုလို ပြောင်းလဲစေခဲ့တာဟာ ကိုယ်ထွက်သွားခဲ့လို့ ဆိုရင်တော့ မင်းအမေအခုတော်တော် ဒေါသထွက်နေလောက်ပြီပေါ့ သူက ကိုယ်မရှိလဲ မင်းအဆင်ပြေနေလိမ့်မယ်လို့ ထင်ထားခဲ့တာလေ
အခုတော့ ကလေးက ကိုယ့်ကိုဘယ်လောက်ချစ်လဲဆိုတာ သူလဲ သိလောက်ပြီပေါ့ ဟားဟားး ကိုယ်ကြေနပ်တယ် ဂျွန် ကိုယ်အရမ်းကြေနပ်တယ် မင်းအပေါ် ကိုယ့်ရဲ့လွှမ်းမိုးမှုဘယ်လောက်ရှိလဲဆိုတာ ကိုယ်ကော မင်းအမေကော သိခဲ့ရတာ ကိုယ်တကယ်ကြေနပ်တယ်ကွာ
ကိုယ်မင်းနဲ့တွေ့မို့ အချိန်ကြပြီထင်တယ် omm မနက်ဖြန် မနက်ဖြန်ကိုယ်မင်းကိုလာတွေ့မယ် ကိုယ့်ကလေးငယ်
the next morning
ဆိုယွန်း သားငယ်နဲ့အတူ မနက်စာမစားရတာကြာပြီမို့ ဒီနေ့သားငယ်မွေးနေ့လဲ ဖြစ်သည်ကြောင့် အတူအချိန်ကုန်ဆုံးမယ်ဟုတွေးထားကာ အလုပ်တွေအားလုံးကိုဖျက်ပြီး သားငယ်ကိုစောင့်နေလိုက်သည်
သူမထမင်းစားပွဲမှာ ထိုင်စောင့်နေတုံး အိမ်ပေါ်ထပ်ကဆင်းလာတဲ့သားငယ်က သူမကိုလဲ မြင်ရော အပေါ်ပြန်တတ်ရန်လှည့်ထွက်သွားသည်မို့ သူမကဘဲလှမ်းခေါ်လိုက်ရသည် ဒီကလေးက တယ်လဲအရွဲ့တိုက်တတ်ပါ့လား
YOU ARE READING
The Bodyguard(Complete)
Fanfictiontae: ငါ့ညီလေးရဲ့သေဆုံးမှုအတွက် မင်းတို့သေချာပေါက်ပြန်ပေးဆပ်ရမယ် ငါ့ဆီကတန်ဖိုအကြီးဆုံးအရာဖြစ်တဲ့ ငါ့ညီလေးကိုလုယူခဲ့တဲ့အတွက် ခင်များတန်ဖိုးထားတဲ့ ခင်များရဲ့သားကိုလဲ ကျွန်တော်မရရအောင်ပြန်လုယူပြမယ် jk: ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုအခုလိုလုပ်ရတာလဲ ကျွန...